စက်တင်ဘာ ၂၉ ရက် တနင်္လာနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းမှာ –

-စလိုဗေးနီးယားသမ္မတ မစ္စစ် နာတာရှာ က ကုလ လုံခြုံရေးကောင်စီသည် ကမ္ဘာ့လုံခြုံရေးကိုမလုပ်နိုင်ကြောင်း ၊ V – 5 ခေါ်ဗီတိုအာဏာရှိသည့် ၅ နိုင်ငံသည် ကမ္ဘာ့အရေးကိုမကြည့်ဘဲ ကျဥ်းမြှောင်းသော ကိုယ်ကျိုးစီးပွားကာကွယ်ရေးအတွက်သာဆောင်ရွက်နေကြောင်း လုံခြုံရေးကောင်စီသည် နိုင်ငံတကာဥပဒေ၏အထက်၌ရောက်နေကြောင်း ၊ အားကြီးသူအနိုင်ရခေတ်ပြန်ရောက်လာပါက အနာဂါတ်ကမ္ဘာကြီးအတွက် အန္တရာယ်ဖြစ်ကြောင်း ဗီတိုအာဏာ၏တရားဝင်မှု့ကို စိန်ခေါ်ကြောင်း ၎င်း၏ကုလမိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။

-တမီးလ်လေဂါ ပါတီကိုထူထောင်၍ ၂၀၂၆ နှစ်ဆန်း၌ ကျင်းပမည့်ပြည်နယ်ရွေးကောက်ပွဲ ဝင်ပြိုင်မည့် အိန္ဒိယနာမည်ကြီးရုပ်ရှင်မင်းသား ဗီဂျေ ၏ မဲဆွယ်ပွဲ ၊ ကာရူး မြို့၌ပြုလုပ်စဥ် ပရိတ်သပ်များလွန်းပြီး တိုးဝှေ့တက်နင်းမှု့ကြောင့် ၃၉ ဦးသေ ၅၀ ကျော်ဒဏ်ရာရသည်။

-မီဇိုရမ်ပြည်နယ် မြန်မာနယ်စပ်တွင် ချင်းသူပုန် ၃ ဦးအား သေနတ် ၆ လက်နှင့်အတူ အာသံရိုင်ဖယ်ကဖမ်းမိသည်။

ပြည်တွင်းထူးခြားသတင်းမှာ –

-ကျောက်မဲရှိ ပလောင်သူပုန်များကို ရှမ်းဘုန်းကြီးများဦးဆောင်ပြီး ရှမ်းဒေသခံတို့ နှင်ထုတ်သောကြောင့် အလံများဖြုတ်သိမ်း၍ တပ်ဆုတ်သွားပြီး မိမိတပ်များ ကြိုဆိုပါ၏ ဆိုင်းပုဒ်ရောက်ရှိသည်။

-ပြင်စည်မှတဆင့် နွားထိုးကြီးသို့အင်အားထောင်ချီပါသောစစ်ကြောင်း ဆူးရစ်ကုန်း ၊ အောင်ပန်းကုန်း တဝိုက် နယ်မြေရှင်းလင်းနေပြီး မလှိုင်ဘက်သို့ဖြန့်ခွဲစစ်ကြောင်းထိုးသည်။

-ရွာငံမြို့နယ် ရှောက်တောရွာ ၊ ညောင်ပင်သာရွာ အနီးရှိ ဓနု PDF စခန်းများနှင့် ရခိုင်ပြည်နယ် သံတွဲ အမှတ် ၄ ရပ်ကွက်ရှိ AA ထောက်ပို့ဂိုဒေါင် ဗုံးကြဲရှင်းလင်းသည်။

-အောက်တိုဘာ ၁ ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့်ဖြင့် ၂ ပါတ်နေနိုင်ကြောင်း ရန်ကုန် မလေးရှားသံရုံးကထုတ်ပြန်သည်။

-အောက်တိုဘာ ၁ ရက်နေ့တွင် ဘဏ်အားလုံးပိတ်မည်ဟု ကြေငြာသည်။

Leave a Reply

Your email address will not be published. Required fields are marked *