စက်တင်ဘာ ၂၅ ရက် ညနေပိုင်းအချိန်က တနင်္သာရီမြို့၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀၀ ခန့်အကွာ ထုံခါဒေသအနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှု မရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် ၁ လောင်း
(၂) M-16 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) လက်ပစ်ဗုံး ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့သည်။



