တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီး ပြည်နယ်တောင်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အပူပိုင်းမုန်တိုင်း “ရာဂါဆာ” (RAGASA) သည် အနောက်ဘက်သို့ရွေ့လျား ခဲ့ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ကာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိပြီး၊ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကုန်းတွင်းဒေသများကို ဆက်လက်ဖြတ်ကျော်ကာ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အပူပိုင်းမုန်တိုင်း “ရာဂါဆာ”သည် နောက် ၂၄ နာရီအတွင်းအားပျော့မည်
