နမ့်ခမ်းက မိုင်းဝီးရွာနေအမျိုးသား မြေမြှုပ်မိုင်းကို ဓားနှင့်ခုတ်လို့ ဒဏ်ရာရ

TNLA နယ်မြေလုယက်ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးရွာနေ အမျိုးသားတစ်ဦးသည် မြေမြှုပ်မိုင်းတစ်လုံးကို ဓားနှင့်ခုတ်သောကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယနေ့ပြောသည်။

လီသာဆိုသည့် ထိုအမျိုးသားသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့  နေ့လယ် ၁ နာရီအချိန်တွင် ၎င်း၏ညီဖြစ်သူနှင့် မျှစ်သွားခုတ်ရန်သွားနေချိန် လမ်းရှင်းလင်းနေစဥ်အတွင်း မိုင်းတစ်လုံးကို ခုတ်မိသောကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

၎င်းမိုင်းပေါက်ကွဲမှုကြောင့် အသက် (၂၀)နှစ်အရွယ် ကိုလီသာ၏ ခါး၊ လက်နှင့် ခြေထောက်များတွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ (၂၉)ရက်နေ့လည်း နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် စခန်းသစ်အနီးတွင် ခြံရှင်းနေစဥ် TNLA ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို ပေါက်တူးဖြင့် ပေါက်မိ၍ ပေါက်ကွဲခဲ့ပြီး သေဆုံးသွားခဲ့သည်။

◾ 
#MT#mtnews

Leave a Reply

Your email address will not be published. Required fields are marked *