စက်တင်ဘာလ ၂၀ ရက် နေ့လည်ပိုင်းအချိန်က ကျုံဒိုးဒေသအတွင်းရှိ အကြမ်းဖက် KNU/PDF အဖွဲ့ အခြေပြုထားသည့် တောင်ကုန်း ၁ ခုအား ဝင်ရောက်ရှင်းလင်းရာ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပွားပြီး ရန်သူထွက်ပြေးသွား၍ စခန်းကုန်းအား သိမ်းပိုက်ရရှိ။
ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -(၁) အကြမ်းဖက် ၁ လောင်း(၂) ကျည်အိမ်/ကျည်ဆန်များ(၃) ခဲယမ်း/ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းများ(၄) မှတ်ပုံတင်/ယာဉ်မောင်းလိုင်စင် ၁ ခု(၅) ဘန်ကာ ၇ လုံး(၆) ပစ်ကျင်း ၁၆ ကျင်း(၇) ဆသရမြောင်း ၃၀၀ ပေခန့်တို့အား သိမ်းပိုက်ရရှိခဲ့သည်။
-မှတ်ပုံတင်မှတ်တမ်းအရ အလောင်းမှာ အကြမ်းဖက် KNU အတွက် မူးယစ်ဆေးကျွေးပြီး အသေခံတိုက်ပေးနေရတဲ့ PDF အလောင်း ဖြစ်ပါတယ်။ အလုံစုရွာ၊ ရွာသာကုန်းအုပ်စု၊ ဟင်္သာတမြို့နယ်က ကျော်ဇင်ထွန်း(ဘ)ဦးသန်းတင် ဖြစ်ပြီး သက်ပျောက်ဆွမ်းကပ်နိုင်ပါရန် ဖော်ပြအပ်ပါသည်။
-တိုက်ပွဲသတင်းစုံ


