AA ခေါင်းဆောင်ထွန်းမြတ်နိုင် ဘယ်တော့မှဖြေရှင်းနိုင်မှာမဟုတ်တဲ့အခြေအနေတစ်ခု

ရခိုင်စာရေးဆရာ ဝေဟင်အောင်က မောင်တောမှာ ဗလီဖွင့်တာနဲ့ပတ်သက်ပြီး သင်ပုန်းချေလိုက်တဲ့ ၂၀၁၂ ရခိုင်- ဘင်္ဂလီ အရေးဆိုပြီး ထဂုဏ်ဆာတယ်။ ထွန်းမြတ်နိုင် က လက်ရှိ လက်နက်ကိုင်ခေါင်းဆောင်ဆိုတော့လည်း ခေါင်းဆောင်အကြိုက် ရေးရတာက ပြဿနာ မဟုတ်ဘူး။ အဓိက ရခိုင်- ဘင်္ဂလီ အရေးအခင်းတိုင်းမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်နေတဲ့ AA နဲ့ ခုလို ဂဏန်းသွား စာရေးဆရာတွေပဲ။ —–

ရခိုင်မှာ သီတာထွေး ဖြစ်စဉ်မတိုင်ခင် ၊ တိတိကျကျဆိုရင် လွတ်လပ်ရေး မရခင်ကတည်းက ဘင်-ရခိုင် ပြဿနာက ရှိပြီးသား။ အဲ့တုန်းက ပထမအကြိမ် ဘင်-ရခိုင် အရေးအခင်းမှာ ရခိုင်ရွာပေါင်း ၂၀၀ လောက် လစ်ကုန်တယ်။ ခုမှ ချစ်ကြည်ရေး တွေဆိုပြီး ရခိုင်တချို့က နည်းနည်း အတန်းရှင်း ထရှာတာ။ မေးကြည့်ပါဦး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှာ ဘယ် ရခိုင်ရွာတွေ ကျန်သေးလို့လဲ။ ဘယ်ရခိုင်တွေ နေရဲလို့လဲ။ —–ရဲစခန်းနဲ့ ရခိုင်ရွာတွေ အတိုက်ခံရတာတွေ၊ သီတာထွေး ဖြစ်စဉ်တွေ ကလည်း တကယ်တော့ မျက်ကန်း မျိုးချစ်တွေကြောင့်ပဲ။

မောင်ရဲထွဋ် ရေးသလို မုဒိန်းကျင့် အသတ်ခံရတာက တကယ်ဆို သာမန် ရာဇဝတ်မှုတစ်ခုပဲ။ ဒါပေမယ့် မျက်ကန်းမျိုးချစ်တွေက တောင်ကုတ်မှာ လက်စားချေလိုက်တော့ အဓိကရုဏ်းက ပိုပြီး ပြင်းထန်လာရော။ ဘင်တွေဘက်က တုတ်/ဓားပဲ ကိုင်‌တယ်ဆိုပေမယ့် အဲ့ဒီအဓိကရုဏ်းကို မျက်မြင်ရင်ဆိုင်ရတဲ့ စစ်သားတွေက ဘယ်လောက်တောင် လူအုပ်များများကို ရင်ဆိုင်ရလဲဆိုတာ တကယ်ကြုံဖူးတဲ့သူတွေပဲ သိလိမ့်မယ်။ ——

အဓိက ပြောချင်တာ ….ဟန်ပြဆက်ဆံရေးကို သင်ပုန်းချေတယ်တွေနဲ့ ကြီးကြီးကျယ်ကျယ် ထရေးနေကြလို့ပါ။ ရခိုင်မှာ ဖြစ်တဲ့ ဘယ်အရေးအခင်းမဆို AA ကူခဲ့တာ တစ်ခု မှမရှိဘူး။ ခုလည်း ရခိုင်မှာ စစ်ပွဲတွေကြောင့် ရခိုင်လူမျိုးစုတွေ အရုပ်ရေးရတော့မှာပါ။ ကံကောင်းလို့ အုပ်စုလိုက်နေနိုင်ရင်တောင် ရခိုင်တောင်ပိုင်းပေါ့။ ပြည်မ က ကိုယ်တွေ ဆိုတာက အနေသာကြီးပါ။ တကယ်လို့များ ရခိုင်မှာရှိတဲ့ ဒီမျိုးနွယ်စု နှစ်ခုကြား အလားတူကိစ္စ ဖြစ်လာရင်တောင် ပြုံးပြုံးလေး ကြည့်နေမှာပါ။

(နရီမိုး)

Leave a Reply

Your email address will not be published. Required fields are marked *