စက်တင်ဘာ ၉ ရက်နေ့မှုခင်းသတင်းများ

-စက်တင်ဘာလ ၈ ရက် ၀၁၃၀ နာရီတွင် သရက်မြို့နယ်၊ အုန်းမွှန်တောကျေးရွာနေ ဦးမြင့်စိုး(၅၄)နှစ်သည် နေအိမ်၌ ရှိနေစဉ် လက်နက်ငယ်များ ကိုင်ဆောင်ထားသော PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးမြင့်စိုးအား ဒလန်ဟုစွပ်စွဲ၍ မင်းတုန်းမြို့နယ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

-စက်တင်ဘာ ၈ရက် ၁၆၃၀ နာရီတွင် ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာနေ ဦးလွတ်စိန်နှင့် ဦးကျော်နိုင်ဦးတို့ ၂ ဦး သည် ကျေးရွာ၏မြောက်ဘက်ရှိ တောင်ယာတဲသို့ သွားရောက်စဉ် တောင်ယာတဲအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့မှထောင်ထားသည့် လက်လုပ်နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဦးလွတ်စိန်တွင် ယာခြေမျက်စိ မိုင်းစရှပ်မှန်ဒဏ်ရာ၊ ဦးကျော်နိုင်ဦးတွင် ယာလက်ကောက်ဝတ်၊ ယာလက်မောင်း၊ နောက်ကျောမိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *