စက်တင်ဘာ ၉ အင်္ဂါနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ယီးဇက် အမည်ရှိ အနုမြူပညာရှင် ကို အခြားလုပ်ဖော်ကိုင်ဘက်များအား သတ်ဖြတ်နိုင်ရန် အစ္စရေးကို သတင်းပေးသည်ဟုစွတ်စွဲချက်ဖြင့် အီရန် က သေဒဏ်ပေးလိုက်သည်၊ အီရန် – အစ္စရေး ၁၂ စစ်ပွဲအတွင်း အီရန်အနုမြူဓါတ်ပေါင်းဖို ၃ ခု ၌ ပညာရှင်များ ဗိုလ်ချုပ်များ အပါအဝင် ၁၁၀၀ သေဆုံးပြီး အစ္စရေး ၂၈ ဦးသေခဲ့သည်။

-အာဏာရ LDP ပါတီမှ ဂျပန် ဝန်ကြီးချုပ် အီရှီဘား ရာထူးမှနုတ်ထွက်လိုက်ပြီး ၁၁ လတာကာလအတွင်း ပင်ပန်း ကာ မပျော်ဟု ပြောသည်။

-ဂျာမနီ တွင် ရွှေ့ပြောင်းဝင်ရောက်လာသူ ဆီးရီးယားလူမျိုး ၁ ဦးသည် မိန်းမ ၂ ယောက် ၊ ကလေး ၄ ယောက် ၊ ဒုက္ခသည်ထောက်ပံ့ကြေး တလ ယူရို ၅၀၀၀ ရရှိပြီး ၊ အနှစ် ၄၀ ကြာဆံပင်ညှပ်အလုပ်လုပ်ကိုင်သူ ဂျာမန်နိုင်ငံသား က ၁ လ ယူရို ၇၀၀ သာရ၍ ဆန္ဒပြမှု့များဖြစ်နေသည် ။

-ပြင်သစ် တွင် ယူရို ၄၄ ဘီလျံတန်ခြွေတာရေးအစီအစဥ်ကြေငြာပြီးနောက် ယူကရိမ်း ကိုထောက်ရ၍ ပြည်တွင်း၌ချွေတာနေရမှု့အပေါ် မက္ခရွမ် အစိုးရ ဝေဘန်ခံနေရသည်။

-ဗြိတိန် ဝန်ကြီးချုပ် စတန်မာ က ရုရှားပိုင်ယူရို ၁ ဘီလျံ ကို ယူကရိမ်းအားလွှဲပြောင်းပေးမည်ပြောသဖြင့် ဗြိတိန်ဘုရင့်သရဖူ က ရတနာများ ရုရှားကယူမည်ဟု မက်ဗီဒက် က ခြိမ်းခြောက်လိုက်သည်။

-မလေးရှား နန်ဂရူဆန် တွင် ၂ ပါတ်ခန့်စောင့်ကြည့်ပြီးနောက် သန်းခေါင်အချိန် KTV ကိုဝင်ဖမ်းရာ ခိုးဝင် မြန်မာမိန်းခလေး ၂၁ ဦးဖမ်းမိသည်။

ပြည်တွင်းထူးခြားသတင်းမှာ –

-ဝက်လက် တွင် အသက် ၁၁ နှစ်မိန်းခလေးကို အဓမ္မကျင့်သော PDF အား ဒေသခံများက သေဒဏ်ပေးရန် တောင်းဆိုရာ NUG အဆုံးအဖြတ်ခံရဦးမည် ဆိုသည်။

-မြစ်ကြီးနား ကချင်စုရပ်ကွက် ဓားပြတိုက်ရန်လာသော PDF ၆ ဦး ရပ်ကွက်ကဝိုင်းဖမ်း၍ မိသည်။

-မြင်းခြံသီတာယုမွန်ပြည်သူ့စစ်အဖွဲ့သည် နွားထိုးအနောက်ခြမ်း မန်လည် ၊ ကမ်းကွေ့ တန်စိုး တဝိုက် PDF စခန်းများကိုရှင်းလင်းနေရာ အပြစ်မဲ့ပြည်သူများဟု ပုံဖော်နေသည်။

-ပဲခူးအနောက် မင်းလှနယ် ဆည်တဝိုက် စစ်ကြောင်းထိုးရှင်းလင်းရာ PDF တို့လက်လွတ်ထွက်ပြေးသဖြင့် လက်နက်ငယ်မျိုးစုံ ၂၀ ၊ စိန်ပြောင်း ၂ ၊ ဒရော့ဗုံး ၂၈ ၊ တွင်ခုံမီးစက် ၁ ၊ လူနေတဲ ၃၇ ၊ ထ္မင်းစားဆောင် ၂ ၊ တန်းစီကွင်း ၁ ၊ ဆင် ၅ ကောင် သိမ်းပိုက်ရရှိသည်။

-ငလျင်ကြောင့်ပိတ်ထားရသောမန်းရတနာပုံစျေး ပြန်ဖွင့်သည်။

Leave a Reply

Your email address will not be published. Required fields are marked *