ကျန်းမာရေးကို အကြောင်းပြကာ ဆေးရုံမှာ နေနိုင်ဖို့အတွက် စီစဉ်ခဲ့တဲ့ကိစ္စကြောင့် တရားစွဲခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ နိုင်ငံတွင်းကနေ ထွက်ပြေးသွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
စင်ကာပူမှာ ဆေးသွားကုဖို့အတွက် ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်ခွာသွားခဲ့ပေမယ့် လေယာဉ်ဟာ လမ်းကြောင်းပြောင်းကာ မောင်းနှင်ခဲ့တယ်လို့ သိရပြီး ဒူဘိုင်းမှာ သွားရောက်ခိုလှုံဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။
စက်တင်ဘာ ၉ ရက်နေ့မှာ အထက်ဖော်ပြပါအမှုအတွက် တရားရုံးကို သွားရောက်ရင်ဆိုင်ရဖို့ ရှိနေပြီး အဆိုပါရက်မတိုင်ခင်မှာပဲ သက်ဆင်က ထွက်ပြေးသွားခဲ့တာဖြစ်ဖွယ်ရှိပါတယ်။ သူ့ကို ခရီးသွားလာခွင့် ပိတ်ပင်မထားဘူးလို့သိရပြီး လေဆိပ်လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကလည်း တားမြစ်ချက်၊ ဥပဒေချိုးဖောက်မှု ရှိ၊မရှိကို သေချာစစ်ဆေးခဲ့တယ်လို့လည်း The Nation က ဆိုပါတယ်။
NOM
