တံတားပြုပြင်ရေးအဖွဲ့အား KNU မှ Suicide Drone များဖြင့်ပစ်ချတိုက်ခိုက်သဖြင့် (၁)ဦးသေဆုံး၊ (၈)ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ကရိတ်-မြဝတီသွားအာရှလမ်းမကြီးပေါ်ရှိ အရှည်(၁၉၆)ပေ၊ အကျယ်ပေ(၄၀)ရှိ သံကူကွန်ကရစ်အမျိုးအစား “ကော့နွဲ့”တံတားအား KNU နှင့် PDF တို့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ကုန်စည်စီးဆင်းမှုများရပ်တန့်ခဲ့ပြီး သွား လာရေးအခက်အခဲများဖြစ်ပေါ်၍ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရန် ကော့နွဲ့တံတားပြန်လည်ပြုပြင်ရေး တံတားအထူးအဖွဲ့မှ ပြန်လည်ပြုပြင်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြုပြင်နေသည့် ကော့နွဲ့တံတားပြန် လည်ပြုပြင်ရေး တံတားအထူးအဖွဲ့အား စက်တင်ဘာ ၁ ရက်နေ့လည် ၁ နာရီခွဲခန့်တွင် KNU နှင့် PDF အကြမ်းဖက်အဖွဲ့က တံတား၏အနောက် မြောက်ဘက်မီတာ(၃၆၀၀)ခန့်အကွာရှိ ပျားပင်ကျေးရွာနေရာနှင့် တံတား၏တောင်ဘက်မီတာ (၃၇၀၀)ခန့်အကွာရှိ မြို့ဟောင်းကျေးရွာနေရာတို့မှ Suicide Drone (၂)စင်းဖြင့်တိုက်ခိုက်ခဲ့ရာ အမျိုး သား(၁)ဦးသေဆုံးပြီး (၈)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *