ဗန်းမော်တိုက်ပွဲသတင်းများ

ဗန်းမော်ဒေသရှိ တင့်ကားတပ်ရင်းအား ထိန်းချုပ်ထားသည့် မင်းခေါင်ချေမှုန်းရေးစစ်ကြောင်းများသည် အောင်မြေချဲ့ ရှင်းလင်းရာ အကြမ်းဖက် KIA/PDF အဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူမှာ အလောင်း/လက်နက်များ ဆွဲကာ ထွက်ပြေးသွားသဖြင့် ရန်သူအခြေပြုနေရာ ၂ ခု အား သိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA ၃ လောင်း
(၂) M-22 သေနတ် ၂ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) တရုတ်လက်ပစ်ဗုံး ၁၂ လုံး
(၅) ဖုန်းမျိုးစုံ ၃ လုံး၊ အိုင်ကွန် ၁ လုံး
(၆) ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။

-နမ့်ဖားတံတားစခန်းအား သိမ်းပိုက်ရရှိထားသည့် ဖန်းခါးမြေသူရဲကောင်းစစ်ကြောင်းများသည် ဗန်းမော်မြို့နယ်၊ နမ့်ဖားဒေသအား လေကြောင်း၊ အမြောက်ပစ်ကူများယူ၍ ဝင်ရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့ကာ နမ့်ဖားဒေသအား သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံးခဲ့ရပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA/PDF ၄ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်

  • KA သေနတ် ၂ လက်
  • ဘီဇူကာ ၁ လက်
    (၃) ကျည်အိမ်/ကျည်ဆန်များ
    (၄) မိုင်းမျိုးစုံ ၇ လုံး
    (၅) ပစ်ကျင်း ၃၃ ကျင်း တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)။ Congratulations ပါ ဗန်းမော်မြေမှ သူရဲကောင်းများ 🏆🏆🏆

Leave a Reply

Your email address will not be published. Required fields are marked *