အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏တိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲဆုပေး ပွဲကျင်းပ

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏၂၀၂၅ခုနှစ်၊ တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လု ပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင်   တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစား ဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက်ဆုရရှိကြသူများ၊ တစ်ဦး ချင်းဆုရရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒိုင်းဆုရရှိသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ စခန်းရုံးအသင်း တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *