အခုရက်ပိုင်းKIA က အကြံကုန် ဂဠုန်ဆားချက်နေပုံရပါတယ်။ KIA မှာ အင်အားတွေ ကုန်လာလို့ ချင်း PDF တွေ၊ ယောPDF၊ အညာ PDF တွေကိုခေါ်ပြီး ဆင်ကြံ ကြံဖို့ လုပ်လာတာတွေ့ရတယ်။ -NUG ချင်း PDF တွေ နဲ့ ဂွမ်မော်တို့ တွေ့ဆုံပွဲမှာ မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာတယ်။ ဒီနောက်ပိုင်းမှာတော့ ယော PDF တွေနဲ့ အညာ PDF တွေ ကိုပါတစ်ဖွဲ့ပြီး တစ်ဖွဲ့ ခပ်စိပ်စိပ် ခေါ်တွေ့လာပါတယ်။ -ဟန်ဖို့ပြီးတော့ အခုလို ခေါ်တွေ့နေပေမယ့် KIA မှာ အစားထိုးစရာတပ် တော်တော်ရှားလာတယ်။ KIA ရဲ့ ကနဦးအစ ရည်ရွည်ချက်က ဗန်းမော် အပါအဝင် ကချင်ပြည်နယ်ထဲဝင်လာမယ့် လမ်းကြောင်းတွေကို PDF တွေနဲ့ဖြတ်တောက် ပိတ်ဆို့ထားမယ်။ ပြီးရင်တော့ KIA နဲ့ PDF တွေ ပူးပေါင်းပြီး ကချင်ပြည်နယ်ကို သိမ်းပိုက်ကာ လွတ်မြောက်နယ်မြေ လုပ်မယ်လို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ -ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ခဲ့ရတာက ဗန်းမော်တိုက်ပွဲပဲ။ ၂၀၂၄ ဒီဇင်ဘာမှာ စခဲ့တဲ့ ဗန်းမော်တိုက်ပွဲဟာ ဗန်းမော်ကို မသိမ်းနိုင်ဘဲ စစ်ဦးပါကျိုးသွားခဲ့ရတယ်။-အခု ပိုဆိုးသွားတာက ကိုယ့်တပ်တွေ ရေကြောင်းကတဆင့် အင်အားအလုံးအရင်းနဲ့ ဗန်းမော်ကိုရောက်သွားတော့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားရတယ်။ ဒီမှာတင် ရှိသမျှမဟာမိတ်တွေနဲ့စုဖွဲ့ပြီး ခုခံဖို့ အခုလို သူပုန်ပေါင်းစုံကို လိုင်ဇာမှာ ခေါ်တွေ့ကာ တပ်ရဲ့ တန်ပြန်ထိုးစစ်ကို ကာကွယ်ဖို့ စီမံလာတာတွေ့ရတယ်။-ပြည်ထောင်စုအပေါ် အကြိမ်ကြိမ်သစ္စာဖောက်ခဲ့တဲ့ KIA ၊ ငြိမ်းချမ်းရေး အကြောင်းပြပြီး လိမ်လည်လှည့်စားခဲ့တဲ့ KIA ၊ သူပုန် ပေါင်းစုံကို အကြောင်းအမျိုးမျိုးပြပြီး မွေးထုတ်ပေးခဲ့တဲ့ KIA ကို တပ်မတော်က ဒီတစ်ကြိမ် မညှာတော့ဘူးဆိုတာ KIA ကောင်းကောင်းသိပါတယ်။ ညှာလို့လည်း မရတော့ပါဘူး။ -KIA နဲ့ ပတ်သက်ပြီး ကိုယ့်သဘောကတော့ ရှင်းပါတယ်။ ပြည်ထောင်စုရဲ့ အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံး သူပုန်ဖြစ်လို့ အမြစ်ကနေ မြေလှန်ပစ်လိုက်စေချင်တယ်။ -ဒါက အခုမှ ပြောတာမဟုတ်ပါဘူး။ -၂၀၂၁ အာဏာထိန်းစထဲက KIA ကို နည်းလမ်း(၂)ခုနဲ့ ကိုင်တွယ်သင့်ကြောင်း စာရေးခဲ့ဖူးသလို အကြံလည်း ပြုခဲ့ဖူးတယ်။-အဲဒီတုန်းက နည်းလမ်း(၂)ခုက စစ်ရေးအရ ပြင်းပြင်းထန်ထန် ချေမှူန်းတိုက်ခိုက်ခြင်းနဲ့ သမိုင်းရှိခဲ့တဲ့ ရှမ်းနီလူမျိုးနဲ့ SNA ကို နိုင်ငံရေး စားပွဲဝိုင်းပေါ် ခေါ်တင်ကာ KIA ကို တန်ပြန်ကစားဖို့ နည်းလမ်းပါ။-ဒီနေ့ ဗန်းမော် ဝိုင်းမော် မြစ်ကြီးနား မိုးညှင်း မိုးကောင်းဒေသတွေဟာ သမိုင်းကြောင်းအရ ကချင်ပိုင်ခဲ့တာမဟုတ်ဘဲ ရှမ်းနီ လူမျိုးတွေ ပိုင်ခဲ့တာပါ။ လွတ်လပ်ရေးရခါနီး ဒီဒေသတွေကို ကချင်ပြည်နယ်ထဲ ထည့်မပေးရင်လွတ်လပ်ရေးမယူဘူးလို့ ဒူးဝါးဇော်လွန်းက အကြပ်ကိုင်ခဲ့လို့ ကချင်ပြည်နယ်ထဲပါသွားခဲ့ရတယ်။ -ဒါကြောင့် မူလပိုင်ရှင် ရှမ်းနီတွေဟာ ကချင်တွေကိုမကြည်တာ ဒီနေ့တိုင်ပါပဲ။ အမှန်တော့ ကချင်ပြည်နယ်ထဲက ရှမ်းနီနယ် တွေကို ဆွဲထုတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ တစ်ခုခုလောက်အသံပေးလိုက်မယ်။-SNA တွေ ကို NCA ထဲ ခေါ်တင်လိုက်မယ်ဆိုရင် KIA ကို ကိုယ့်တပ်တွေ တိုက်စရာမလိုဘဲနဲ့ကို ကချင်ပြည်နယ်ထိန်းလို့ရတဲ့ နည်းရှိတဲ့အကြောင်း အကြံပြုခဲ့ဖူးတယ်။-ဒါပေမယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်မယ် မလုပ်ပါနဲ့၊ မရေးပါနဲ့ဆိုတဲ့ တားမြစ်မှုတွေကြောင့် ၂၀၂၁ ထဲက အဲဒီအကြောင်း မရေး ဖြစ်တော့ပါဘူး။-အခုတော့ KIA အကြောင်း ကောင်းကောင်းသိခဲ့ကြပေမယ့် အထက်မှာ ပြောခဲ့တဲ့နည်းလမ်း ၂ ခုနဲ့တော့ မလုံလောက်နိုင် တော့ပါဘူး။-မြေရှားနိုင်ငံရေး က KIA ထိန်းချုပ်မှုအောက်ထဲ ရောက်သွားတာမို့ မြေရှားသတ္တုကို အကြောင်းပြုပြီး တရုတ်နဲ့ ဆက်ဆံရေး မြှင့်တင်ကာ KIA ကို ရှင်းဖို့ ကလည်းတတိယနည်းလမ်း ဖြစ်လာမယ်လို့ ယူဆမိပါတယ်။-တစ်ဖက်မှာလည်း KIA နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးက တရုတ်လည်မြိုကို ဓားနဲ့ထောက်မယ့် သဘောသက်ရောက်နေပုံကို ကိုယ့်ဘက်က သံတမန်ပရိယာယ်ကြွယ်ဝစွာနဲ့ တရုတ်ဆီကို စဉ်ဆက်မပြတ်သတင်းစကားပါးနေဖို့ လိုပါတယ်။ -ဒီအချိန်မှာ ပိုပြီး အခွင့်အခါကောင်းဖြစ်နေတာက KIA ဟာ တရုတ်က အမေရိကန်သူပုန် လို့ ယူဆထားတဲ့ NUG PDF CNF တို့နဲ့ ထိတွေ့ ဆက်ဆံလာတာမို့ ဒါကိုကောင်းကောင်း အသုံးချပြီး ကစားမယ်ဆိုရင်တော့ KIO KIA ဟာ မြန်မာ့မြေကနေ ပျောက်ကွယ်သွားနိုင်ပါတယ်။-ဒါ့ကြောင့် KIA ကို ချေမှုန်းတဲ့နေရာမှာ Hard Power ရော Soft Power ပါ တစ်ပြိုင်တည်း အသုံးပြုဖို့ လိုပါတယ်။
-(အောင်နိုင်သူ)-တိုက်ပွဲသတင်းစုံ
