ဗန်းမော်သို့ ထပ်ဖြည့်စစ်သင်္ဘောများအောင်မြင်စွာရောက်ရှိ

ဗန်းမော်ကို သွားရောက်တဲ့ ထပ်ဖြည့်စစ်သင်္ဘောတွေက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရန်သူ့ဘက်က ဆင်ကြံကြံပြီးချောင်းမြောင်းတိုက်ခိုက် နေတဲ့ကြားက KIAနဲ့PDF တွေကို ချေမှုန်းပြီး ဗန်းမော်ကိုထိခိုက်မှုအနည်းဆုံးနဲ့ အောင်မြင်စွာချီတက်ရောက်ရှိလာပါပြီ။

အဲ့ဒီသင်္ဘောတွေ ဗန်းမော်ကိုရောက်လာမှာ အသေအလဲကြောက်နေတာကတော့ KIA ပါပဲ။ ဒါကြောင့် KIAက PDF တွေကို လက်နက်ကြီးဗုံးသီးတွေ ရေမြုပ်ဗုံးတွေလုပ်ဖို့ နဲ့ နှောက်ယှက်တိုက်ခိုက်ဖို့ လက်နက်ခဲယမ်းတွေထောက်ပံ့ပေးပြီး အညာဒေသမှာကတည်းက တားဆီးစေပါတယ်။

တစ်ဖက်မှာလည်း အဲ့ဒီစစ်သင်္ဘောတွေ စင်းခမ်းတံတားကို မကျော်စေရဘူးဆိုပြီး ဝါဒဖြန့် ကြွားလုံးက ထုတ်ထားသေးတယ်။

ဒါကြောင့် အရှက်မကွဲချင်တော့ အညာဒေသကိုကျော်လာပြီး ကချင်ထဲဝင်ရောက်လာတဲ့ မြစ်ကြောင်းတစ်လျှောက်မှာ KIA က လက်နက်ကြီးလက်နက်ငယ်အမျိုးမျိုးနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ကြပါတော့တယ်။

ဒါပေမယ့် တပ်ဖက်က KIAအကြောင်း နပ်နေပြီလေ မြစ်ကြောင်းတစ်လျှောက်ချုံခိုနိုင်တဲ့နေရာတွေကို ဒရုန်း၊လေကြောင်း၊ သင်္ဘောပေါ်ကလက်နက်ကြီးတွေနဲ့ပူးပေါင်းပြီးတိုက်ခိုက်ကြတယ်။ နောက်ပြီး ညအချိန်တိတ်တဆိတ်ချဉ်းကပ်လာတဲ့ရန်သူတွေကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ချေမှုန်းခဲ့ကြတယ်။

အဆင့်မြင့်ဒရုန်းတွေ၊လက်နက်ကြီးနဲ့လေကြောင်းတို့ကနေပူးပေါင်းပြီးတိုက်ခိုက်မှုကောင်းမွန်ခဲ့လို့ KIAနဲ့PDF အပြင် စစ်ကူလာတဲ့AA သူပုန်ပါ အထည်ကြီးပျက်ပြီး ထိခိုက်မှုအများဆုံးနဲ့ဆုတ်ခွါသွားကြရပါတယ်။ ဒီလို ရေကြောင်းကနေ မဟာဗျူဟာမြောက် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ဖော်ဆောင်နိုင်တာကိုကြည့်ရင် တပ်ဘက်က အတော်ကို အိမ်စာကြေလာပြီဆိုတာ တွေ့ရတယ်။

ကျောက်တော်မှာ AA ရဲ့ မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောတွေ ထိခိုက်ပျက်စီးရတဲ့နောက်ပိုင်းမှာ တပ်ဘက်က မြစ်ကြောင်း စစ်ဆင်ရေးကို အရင်လို ဖြစ်ကတက်ဆန်း မလုပ်တော့ဘူး။

ဒါ့အပြင် အားရဖွယ်တွေ့လာရတာက မြစ်တွင်းသွား စစ်ကြောင်းတွေအသုံးပြုမှုအပေါ် ထောက်ပံ့ရေးလုပ်ရုံလောက်သာမဟုတ်ဘဲ တိုက်ခိုက်ချေမှုန်းရေး ရည်ရွယ်ချက်အတွက်ပါ ပြောင်းလဲအသုံးပြုလာတာပါပဲ။

ဒီလမ်းကြောင်းမှာ သူပုန်က စောင့်ပစ်မယ်ဆိုတာ သိပြီးသားမို့ကင်းထောက်အစောင့်အကြပ်တွေကိုပါ အပြည့်အဝ အသုံးချပြီး ရန်သူတိုက်ခိုက်တာနဲ့ ဒရုန်း ၊ လေကြောင်း ၊ မြစ်တွင်းသင်္ဘောတွေ အပြည့်အဝ အသုံးချပြီး ရန်သူကို ပြန်လည်ကျုံးသွင်း တိုက်ခိုက်တာ ထိရောက်တဲ့စစ်နည်းဗျူဟာ အသုံးချမှုပါပဲ။

ဒါကြောင့်ပဲ ထပ်ဖြည့်သင်္ဘောတွေဟာ
ရန်သူအပေါ် အောင်မြင်မှုနဲ့အတူ
ဗန်းမော်ကို ရောက်ရှိလာခဲ့ပြီး ဒီလိုရောက်လာခြင်းဟာ တိုက်ပွဲဝင်နေတဲ့စစ်သည်တွေအတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ရတာပါပဲ။
ဗန်းမော်မြို့ရဲ့အောင်မြင်မှုသတင်းကောင်းတွေကို ကြားသိရမယ်လို့ယုံကြည်ပါတယ်

Aung Shinn

Leave a Reply

Your email address will not be published. Required fields are marked *