(၅-၈-၂၀၂၅ မှ ၈-၈-၂၀၂၅) ရက်အတွင်း လူမှုကွန်ရက်ပေါ်၌တွေ့ရှိရသည့် NUG ဘက်တော်သား သေဆုံးမှုများ

ပုံ (၁) ဩဂုတ်လ (၅) ရက်နေ့က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ (၇) မိုင်တိုက်ပွဲတွင် အကြမ်းဖက် PDF (၃) ဦးဖြစ်သော ရဲဘော် အောင်စိုးမိုး (ခ) မိုးစက်၊ ရဲဘော် ဇေအောင် (ခ) အောက်ချင်း၊ ရဲဘော် ဝေလွင်ဦး (ခ) ကြည်လေးတို့ သေဆုံးခဲ့ပြီး အာဇာနည်လို့ ဖော်ပြထားပေမဲ့လည်း မြေပြင်မှာတော့ ဘာခံစားခွင့်မရ မရရှိကြဘဲ အလောင်းပြ ခွက်ခေါက်နေသူများအတွက် လုပ်စားကွက်သာ ဖြစ်နေပါတယ်။

ပုံ (၂) ဩဂုတ်လ ၅ ရက်နေ့က ဗန်းမော်မြို့နယ်အတွင်း တပ်မတော်ရဲ့ တန်ပြန်ချေမှုန်းမှု များကြောင့် ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ က အကြမ်းဖက် PDF ရဲဘော် ကျော်ဇင်ငြိမ်း (ခ) လမင်းဟာ လက်နက်ကြီးထိမှန်ကာ သေဆုံးသွားခဲ့ပြီး တခြားရဲဘော် ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း ဖော်ပြလာပါတယ်။ မြေပြင်တွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲ များတွင် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုတွေ များပြားလျက်ရှိကြောင်း သိရပါတယ်။

ပုံ (၃) ။ ကယားပြည်နယ် ဘော်လခဲတိုက်ပွဲအတွင်း အကြမ်းဖက် PDF မာတီးယာ(ခ) ဗိုလ်ချုပ်ဟာ အသုံးချခံဘဝနဲ့ လူမသိ၊ သူမသိသေဆုံးသွားခဲ့ပြီး အလောင်းမပါဘဲ သပိတ်သွတ် လိုက်ရတာက ရင်နာစရာကောင်းလှပါတယ်။

ပုံ (၄) ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းမှ အကြမ်းဖက် PDF ရဲဘော် နန်းခန့်ဝင်း (ခ) Silent ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ချေမှုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပုံ (၅) ကယားပြည်နယ်တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၄) က အကြမ်းဖက် PDF ရဲဘော်ချမ်းမြေ့အောင် သေဆုံးခဲ့ကြောင်းဖော်ပြထားပြီး ပြည်တွင်းက အသုံးချခံ PDF တွေ များများသေလေ ပြည်ပကနေ မသာပြခွက်ခေါက်သူများ အတွက် ပိုအကျိုးရှိလေဖြစ်နေတာကတော့ စိတ်မကောင်းဖွယ်ရာပဲဖြစ်ပါတယ်။

ပုံ (၆) ဖားကန့်မြို့နယ်၊ ညောင်ပင်ကုန်း စခန်းတိုက်ပွဲတွင် ဗမာ အကြမ်းဖက် PDF (၁) ဦးဟာ KIA ရဲ့ အသုံးချခံဘဝနဲ့ အညာမြေကို ပြန်မလာနိုင်ဘဲ ကချင်မှာပဲ မြေဩဇာဖြစ်သွားခဲ့တာဟာ ရင်နာစရာကောင်းလှပါတယ်။ ဘာကြောင့် PDF တွေပဲ သေဆုံးနေရတာလဲဆိုရင် သူပုန် KIA က ဗမာငတုံး PDF တွေကို အသုံးချပြီး နယ်မြေလုတိုက်ပွဲဆင်နွှဲနေတာကြောင့်ဖြစ်ပြီး ဗမာ PDF တွေအနေနဲ့လည်း အမြင်မှန်ရဖို့လိုနေပါပြီ ဖြစ်ပါတယ်။

ပုံ (၇) ။ ကရင်ပြည်နယ် ကော့ကရိတ်ခွင်အတွင်း တပ်မတော်နှင့်တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် PDF (၁) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဆိုပါအကြမ်းဖက်သောင်းကျန်းသူဟာ သက်ရှိစည်းရိုးဇာတ်လမ်းကို လှောင်ပြောင်ပြီး ပို့စ်တင်ခဲ့သူတစ်ဦးဖြစ်ကာ အခုချိန်မှာတော့ အမိုးရဲ့ ငရုတ်သီးကစပ်သွားပြီး ငရဲမင်းဆီမှာ အခစားရောက်နေပြီပဲ ဖြစ်ပါတယ်။

ပုံ (၈) ။ အညာမြေက အကြမ်းဖက် PDF တစ်ဦးဟာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ချေမှုန်းမှုကြောင့် သေဆုံးခဲ့ရကြောင်း ဖော်ပြထားတာကို တွေ့ရှိရပြီး NUG ရဲ့ မြှောက်ပင့်ပေးမှုကြောင့် အသုံးချခံဘဝနဲ့ လူငယ်တွေရဲ့ဘဝတွေ ပျက်စီးနေရတာဟာ စိတ်မကောင်းဖွယ်ရာဖြစ်ပြီး နိုင်ငံအတွက်လည်း နစ်နာလှပါတယ်။

ပုံ (၉) ။ ဗမာ အကြမ်းဖက် PDF (၁) ဦးဟာ တိုက်ပွဲအတွင်း ဝမ်းဗိုက် သေနတ်ထိမှန်ကာ ကုသပေးမည့် ဆေးဆရာလည်း မရှိသလို ဆေးဝါးလည်း မရှိတာကြောင့် သွေးထွက်လွန် သေဆုံးခဲ့ကြောင်း၊ အလားတူပင် စားစရာမရှိ၊ ဆေးဝါးလုံလောက်မှု မရှိခြင်းကြောင့် အကြမ်းဖက် PDF များ စိတ်ဓာတ်ကျဆင်းနေကြောင်း အတွင်းသတင်းများအရ သိရှိရပါတယ်။

ပုံ (၁၀) လှိုင်သာယာကနေ တောထဲရောက်သွားတဲ့ အသက် ၂၀ လူငယ်လေးဟာ သောင်းကျန်းသူတွေရဲ့ အသုံးချခံဘဝနဲ့ ကရင်ပြည်နယ်တိုက်ပွဲတစ်ခုအတွင်း သေဆုံးခဲ့ရပြီး ကျန်ရစ်သူမိဘများအနေနဲ့ကတော့ သူတို့သား သေဆုံးသွားတာတောင် သိရှိခွင့်မရကြသလို အလောင်းလည်း ပြန်မရခဲ့ပါဘူး။ ဒီလိုပဲတောထဲရောက်ပြီး လူမသိသူမသိနဲ့သေသွားတဲ့ PDF တွေ ဘယ်လောက်တောင်များနေမလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။

ပုံ (၁၁) ချင်းအကြမ်းဖက် တစ်ယောက်ကတော့ ချင်းပြည်နယ်တိုက်ပွဲတစ်ခုအတွင်း သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့သူတွေကို ကြည့်လိုက်ရင်လည်း လူငယ်လေးတွေသာဖြစ်ပြီး နိုင်ငံအတွက်လည်း နစ်နာလှပါတယ်။

ပုံ (၁၂) NUG လက်အောက်ခံ PDF တွေဟာ အသက်မပြည့်သေးတဲ့ ကလေးတွေကို အတင်းအဓမ္မလူသစ်စုပြီး တိုက်ပွဲဝင်ခိုင်းနေတာကြောင့် အသုံးချခံ အကြမ်းဖက် PDF တစ်ယောက် သေဆုံးခဲ့ရကြောင်း တွေ့ရှိရပါတယ်။ ကြည့်ရတာ ၁၆ နှစ်တောင် မပြည့်လောက် သေးဘူး ထင်တယ်။ လူ့အခွင့်အရေးဆိုတဲ့သူတွေ ဒါမျိုးကျတော့ မမြင်ချင်ယောင် ဆောင်ထားကြတာလား??

ပုံ (၁၃) KTLA တပ်ဖွဲ့များရဲ့ ခြုံခိုတိုက်ခိုက်မှုကြာင့် KNLA တပ်မဟာ (၄) မှ ရဲဘော် (၄) ဦးထိခိုက်ဒဏ်ရာရဟု KNU ထုတ်ပြန်ထားပါတယ်။ အချင်းချင်း အဝေမတည့်တာကြောင့် ခြုံခိုလုပ်ကြံ တိုက်ခိုက်တာဖြစ်ကြောင်း၊ အချင်းချင်း ဆက်လက်ပြီး တိုက်ပွဲတွေ ဖြစ်ပွား နေကြောင်းကိုလည်း မြင်တွေ့နေရပါတယ်။

ပုံ (၁၄) ပြည်သူများကို အနိုင်ကျင့် ဆက်ကြေးကောက်နေသော ပခုက္ကူခရိုင်အမှတ်( ၂ ) တပ်ရင်းက အကြမ်းဖက် PDF တစ်ယောက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ ချေမှုန်းမှုကြောင့် သေဆုံးခဲ့ရကြောင်း ဖော်ပြလာပါတယ်။

Social Media ပေါ်တွင် အကြမ်းဖက်သမားတွေကိုယ်တိုင် ဖော်ပြထားသည့် အချက်အလက် များအရ ၅-၈-၂၀၂၅ မှ ၈-၈-၂၀၂၅ ရက်နေ့အထိ အကြမ်းဖက်သမားသောင်းကျန်းသူ/ PDF (၁၅) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၈) ဦးရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ တွေ့ရှိရတဲ့အချက်အလက် တွေအရတောင် ဒီလောက်ရှိနေတယ်ဆိုရင် မတွေ့ရှိတဲ့အချက်အလက်တွေရော၊ မြေပြင်မှာ လူမသိ၊ သူမသိတဲ့ သေဆုံးနေသူတွေရော ပေါင်းလိုက်မယ်ဆိုရင် ယခုထက်မက သေဆုံး၊ ဒဏ်ရာရရှိသူတွေ များနိုင်တယ် ဆိုတာကတော့ ငြင်းလို့မရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *