၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ရှမ်း/ကယားနယ်စပ်ရှိ တပ်မတော်စခန်းအား အကြမ်းဖက် KNPP/PDF အဖွဲ အင်အား ၂၅ ဦးခန့်မှ စခန်း၏ အရှေ့မြောက်ဘက်မှ လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များ အထိနာပြီး မြောက်ဘက်သိုဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှု မရှိဘဲ အကြမ်းဖက်အဖွဲ့များထံမှ အမ်-၁၆ (၁)လက်၊ကျည်အိမ်အတို (၁)ခု၊ အမ်-၁၆ကျည် (၁၅)တောင့်၊ပွိင့်-၂၂ကျည်(၃၀)တောင့်၊လမ်းလျှောက်စကားပြောစက်(၁)လုံး၊ ဘိန်းဖြူဟု ယူဆရသောအမှုန့်အနည်းငယ်(ပလတ်စတစ်အိတ်အဖြူဖြင့်ထုပ်လျက်) တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်…
ရှမ်းကယားနယ်စပ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား
