ဇူလိုင် ၂၁ တနင်္လာနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ဗီယက်နမ်နိုင်ငံ ဟာလောင်း ပင်လယ်အော်တွင် မုန်တိုင်းမိ၍ ကူးတို့လှေနစ်မြုပ်ရာ ခရီးသည် ၃၄ ဦးသေဆုံးသည်။

-အင်ဂျင် ၄ လုံးတပ် TU 160 M (Black Jet) အဆင့်အမြင့်ဆုံးဗုံးကြဲလေယာဥ်သစ်ကြီး များကို ယူကရိန်းအားဗုံးကြဲရာတွင် ရုရှားတို့ စတင်အသုံးပြုလျှက်ရှိသည် ။

-ရုရှားနှင့် စစ်ရပ်ဆဲရေး ဆွေးနွှေးလိုကြောင်း ယူကရိန်း တောင်ဆိုလိုက်သည်။

ပြည်တွင်းထူးခြားသတင်းများ

-ရနောင်း မှ ရန်ကုန် သို့ကုန်ပစ္စည်းအပြည့်ဖြင့်ထွက်ခွာလာသော ရွှေပြည်ချမ်းသာ သေဘင်္ာ ရန်ကုန်မြစ်ဝနှင့် ၇ မိုင်အကွာ၌ ရေဝင်နစ်မြှပ်ပြီး လူသေဆုံးမှု့မရှိပါ ။

-မန္တလေး မဟာအောင်မြေမြို့နယ် ဘလူးတုဘောက် အားသွင်းရာမှ အပူလွန် မီးလောင်ရာ အိမ် ၈ လုံး ပြာကျသည်။

-အမြန်လမ်း မိုင်တိုင် ၃၁၈ အနီး မနက် ၉ နာရီအချိန် ပြင်စည်ရဲကင်းကို PDF လာပစ်၍ နေ့လည် ၁၁ နာရီအထိ လမ်းခတ္တပိတ်ခဲ့သည်။

-ကပစ ၂၂ အနီးရှိ ပခုက္ကူ PDF စခန်း တပ်မှသိမ်းပိုက်မိပြီး စစ်သုံးပစ္စည်း ၊ ဆိုင်ကယ် ၊ ဖုံး ၊ မီးစက်များ ကျန်ခဲ့သည်။

-ပဲခူးအနောက်ခြမ်း သာယာဝတီ အရှေ့ရိုမပေါ်ရှိ ခါချဥ်တောင် PDF စခန်း တပ်မှသိမ်းယူပြီး ဆိုင်ကယ်များ ၊ မီးစက် ၊ ဖုံး ၊ စစ်သုံးပစ္စည်းများရရှိခဲ့သည်။

-ဖယ်ခုံမြို့နယ်တွင် တပ် နှင့် PNO ပူးပေါင်းအင်အား ထောင်ချီ၍ စစ်ကြောင်းထိုးရှင်းလင်းနေရာ ၊ သူပုန်တို့နေစရာမရှိဖြစ်နေသည်။

-သီပေါမှလာ၍ သိန္နီ တွင် ကားတစ်စီးအား ဒါမြတိုက်နေသူ ၅ ဦးကို MNDAA တို့ပစ်ခတ်ဖမ်းဆီးရာ ၁ ဦးအသေ ၄ ဦးဒဏ်ရာဖြင့်ဖမ်းမိသည် ။

-ထူးနန္ဒာအောင် ၂၆ နှစ် နှင့် သမီး ရွှေရည်ထက်ခိုင် ၅ နှစ်တို့ သည် ပြန်ပေးဆွဲခံရကြောင်းပြောပြီးသိန်း၁၀၀လွဲပေးပြီးနောက် ပြန်ရောက်လာစဥ် ရဲကစစ်ဆေးရာ ခင်ပွန်းထံမှငွေလိမ်တောင်းခြင်းဖြစ်ကြောင်း ပေါ်ပေါက်၍ အဖမ်းခံရသည်။

-စစ်မှု့ထမ်းတာဝန်ကြေပြီးသူများ ပြည်တွင်းပြည်ပအလုပ်အကိုင်ရှာဖွေခန့်ထားရေးကော်မတီကို ကာကွယ်ရေးဝန်ကြီးဥက္ကဌဖြင့်ဖွဲ့စည်းလိုက်သည် ၊ ပြည်ပထွက် OWIC ကဒ်များကိုလည်း စစ်မှု့ထမ်းတာဝန်ကြေပြီးသူများရရှိမည်ဖြစ်သည် ။

Leave a Reply

Your email address will not be published. Required fields are marked *