အမေရိကန်ဒေါ်လာ (၂၉၇) သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

(၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ရန်ကုန်၊ တောင်ကြီး၊ မန္တလေးတို့တွင် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိခဲ့သော အမေရိကန်ဒေါ်လာ (၂၉၇) သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါအထိမ်းအမှတ်အခမ်းအနားများကို ယမန်နေ့ (ဇွန်လ ၂၆ ရက်)က နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ (ဇွန်လ ၂၆ ရက်)က တောင်ကြီးမြို့ ၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၊ ထီဖောင်းကျေးရွာအုပ်စု၊ စည်ပင်အမှိုက်ကျင်းသွား လမ်းဘေးရှိ ကျောက်ကျင်းဟောင်း၌ပြုလုပ်သော ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသော ဘိန်း (၃၅) ကီလိုခန့်၊ ဘိန်းဖြူ (၁၇၃) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၇၃) သန်းကျော်၊ အိုက်စ် (၁၀,၄၇၆) ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) (၃၂) ကီလိုကျော်၊ ဘိန်းစာမှုန့် (၁၁၄) ကီလိုကျော်၊ ကက်တမင်း (၅,၇၆၄) ကီလိုကျော်၊ ဆေးခြောက် (၄၀၄) ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး (၂၅) မျိုးနှင့် ဓာတုပစ္စည်း (၁၁) မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်းပေါင်း (၄၂၄) သောင်းခန့် (အမေရိကန် ဒေါ်လာ ၁၁၈ သန်းခန့်) ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသော ဘိန်း (၃၅) ကီလိုခန့်၊ ဘိန်းဖြူ (၁၇၃) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၇၃) သန်းကျော်၊ အိုက်စ် (၁၀,၄၇၆) ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး (Happy Water) (၃၂) ကီလိုကျော်၊ ဘိန်းစာမှုန့် (၁၁၄) ကီလိုကျော်၊ ကက်တမင်း (၅,၇၆၄) ကီလိုကျော်၊ ဆေးခြောက် (၄၀၄) ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး (၂၅) မျိုးနှင့် ဓာတုပစ္စည်း (၁၁) မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းပေါင်း (၄၂၄) သောင်းခန့် (အမေရိကန် ဒေါ်လာ ၁၁၈ သန်းခန့်) ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် (တောင်) ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌လည်း မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း (၃၈၀) ကီလိုခန့်၊ ဘိန်းဖြူ (၁,၁၁၀) ကီလိုခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၅) သန်း ကျော်၊ အိုက်စ် (၆၄၁) ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး (Happy Water) (၈၆) ကီလိုကျော်၊ ကက်တမင်း (၉၃) ကီလိုကျော်၊ ဆေးခြောက် (၁၃၄) ကီလိုခန့်အပါအဝင် မူးယစ်ဆေးဝါး (၂၆) မျိုးနှင့် ဓာတုပစ္စည်း (၁၇) မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းပေါင်း (၂၉၅) သောင်းကျော် (အမေရိကန် ဒေါ်လာ ၈၂ သန်းကျော်) ကို ဖျက်ဆီးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခြင်းအစီအစဉ်များကို တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တမူး၊ ကသာနှင့် ရွှေဘိုမြို့တို့တွင် ကျင်းပရာ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း (၆၆) မျိုး စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပေါင်း (၁,၀၇၂) သောင်းကျော် (အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်) တို့ကို ဖျက်ဆီးရမိခဲ့ပြီး (၂၀၂၄) ခုနှစ်၊ ဇွန်လ (၁) ရက်မှ (၂၀၂၅) ခုနှစ်၊ မေလ (၃၁) ရက်အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် (၉၇၂ ဒသမ ၄၆၁) ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Crd//

Leave a Reply

Your email address will not be published. Required fields are marked *