နိုင်ငံတကာထူးခြားသတင်းများ
-ဟော်မုဒ်စ် ရေလက်ကြားကိုပိတ်ရန် အီရန်လွှတ်တော်ကဆုံးဖြတ်လိုက်၍ အာရှ၌ရေနံစျေးတက်လာမည်ဖြစ်သည် ။
-ကန် ဝါရင့် ဒီမိုကရက် အမတ် ဗန်နီဆန်းဒါး က စစ်ပွဲတစ်ခုဆင်နွဲရန် ကွန်ဂရက် မှာသာဆုံးဖြတ်ခွင့်ရှိ ၍ ထရန့် သည် အခြေခံဥပဒေကို ဖောက်ဖျက်ခဲ့ကြောင်း အထက်လွှတ်တော် ၌ ပြောကြားရာ ၎င်းကိုထောက်ခံသူများက No more war ဟု အော်ဟစ်အားပေးခဲ့ကြသည် ။
-အီရန်ခေါင်းဆောင် အလီခါမေနီက သူ့ကိုသတ်ခဲ့လျှင်လည်း ကိစ္စမရှိ ၊ ဒုတိယ နှင့် တတိယ ဘာသာရေးခေါင်းဆောင်များ လျာထားပြီးပြီဟု ဆိုသည်။
-အာဆတ်အစိုးရပြုတ်ကျပြီး တော်လှန်သူသူပုန်များ အစိုးရလုပ် အုပ်ချုပ်နေသော ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကဒ် တွင် ခရိယာန် ဘုရားကျောင်းတစ်ခုအား မွတ်ဆလင်အသေခံဗုံးခွဲသူတစ်ယောက်ကြောင့်လူ ၂၀ သေ ၅၂ ယောက်ဒဏ်ရာရသည်။
-ထိုင်းနိုင်ငံ ကန်ချနဘူရီတွင် ခိုးဝင်မြန်မာ ကျား ၃၃ မ ၈ ပေါင်း ၄၁ ဦးဖမ်းမိသည်။
ပြည်တွင်းထူးခြားသတင်းမှာ –
-ဆုတ်ခွာပေးခဲ့သည့် ကန်ဒေါင့်စခန်းအား အင်မထီးပြည်သူ့စစ်နှင့် တပ် ပူးပေါင်းအင်အားဖြင့်ပြန်တိုက်နေသည် ။
-ပဲခူးအနောက် မင်းလှနယ် ရိုးမအခြေနှင့်ရိုးမပေါ်အထိ တပ်စစ်ကြောင်းများ အင်ပြည့်အားပြည့်ရှင်းလင်းနေ၍ PDF များထွက်ပြေးနေရသည်။
-နောင်ချိုဂွင်တွင် တပ် က စစ်ကြောင်း ၇ ကြောင်း အထိ ဖြန့်ခွဲ ရှင်းလင်းနေ၍ ပလောင်သူပုန်တို့ အထိနာနေသည်။
-ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ငဝန်မြစ်အနောက်ခြမ်း ရိုးမအစပ် ကျေးရွာများ AA သူပုန်နှင့်စစ်ရေးတင်းမာနေ၍ စာသင်ကျောင်း ၁၆ ကျောင်းပိတ်ထားရသည်။
-ပြည်ပရောက် NLD အဖွဲ့က ထုတ်ပါယ်ထားသည်ဆိုသော ဒေါ် စန္ဒာမင်း က NLD/CRPH/NUG အဖွဲ့ဝင်များသည် သတ္တိရှိက ပြည်တွင်းဝင်လာရန် အင်တာဗျူးတစ်ခု၌ပြောကြားခဲ့သည်။
