နိုင်ငံတကာထူးခြားသတင်းများ
-ဘော်ဒို ၊ နာတက် ၊ အစ္စဟာတန် ၃ နေရာအား ကန် ဗုံးကြဲခဲ့ပြီးနောက် အမေရိကန်တိုင်းသည် ရန်သူ ဟု အီရန်သတ်မှတ်လိုက်၍ နယူးယောက် ၊ ဝါရှင်တန် နှင့် LA တို့ကိုအကြမ်းဖက်တိုက်ခိုက်နိုင်သဖြင့် လုံခြုံရေးတိုးချထားသည်။
-အစ္စတန်ဘူးလ် တွင်ကျင်းပနေသော အစ္စလန်မစ်နိုင်ငံများအစည်းဝေး၌ တူရကီ နိုင်ငံခြားရေးဝန်ကြီး ဟာတန်ပီရန် က အစ္စရေးသည် အရှေ့အလယ်ပိုင်းကို စစ်ပွဲရောက်လာအောင်လုပ်ခဲ့သည်ဟု ပြောသည်။
-အစ္စရေးလေကြောင်းတိုက်ခိုက်မှု့တစ်ခုအတွင်း ဗိုလ်ချုပ် ဆာရစ်အာဇာဒီ ပါ ၃ ဦးထပ်မံသေဆုံးသည် ၊ ၎င်းသည် အစ္စရေးအတွင်းသို့ ဟားမာ့စ်များဝင်တိုက်စဥ်က ကွပ်ကဲခဲ့သူဟုဆိုသည်၊ တပ်အကြီးအကဲများတည်နေရာကို သတင်းပေးသည်ဟုမသင်္ကာသူ ၂၂ ဦး ကို အီရန်ဖမ်းဆီးခဲ့၍ ထိုသို့ဖမ်းဆီးသူ ၂၀၀ ကျော်ပြီဟုဆိုသည် ၊ တီဟီရန်ရှိ ဗြိတိန် သံရုံးလည်းပိတ်လိုက်သည်။
-အီရန်လက်ထဲတွင် မစ်ဇိုင်း ၂၈၀၀ ကျော်ရှိပြီး ၅၀၀ ခန့်သာပစ်ရသေး၍ ကန် မှ ဗုံးဆက်ကြဲပေးရန် နက်တန်ယာဟု က တိုက်တွန်းစဥ် ပူတင်က အီရန်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သတင်းထွက်လာသည်။
-အိန္ဒိယရောက် ချင်းများက ၎င်းတို့ကိုဒုက္ခသည်အဖြစ်မသတ်မှတ်၍ ဒေလီ ရှိ ဂျန်တားမန်တားရပ်ကွက်၌ ဆန္ဒပြသည် ။
-ဖိအားများနေသော ထိုင်းဝန်ကြီးချုပ်က ရာထူးမှနုတ်ထွက်ခြင်း ပါလီမန်ဖျက်သိမ်းခြင်းတို့ လုံးဝ မလုပ်ဟု ဆိုလိုက်သည် ။
ပြည်တွင်းထူးခြားသတင်းများ
-သက်ရှိစည်းရိုး ရုပ်သံဇာတ်လမ်း ပါ ထိုင်းနယ်စပ် ဦးကရစ်ထစခန်း နှင့် ထီးကပ္ပလယ် စခန်းနှစ်ခုကို KNU ဝိုင်းဝန်းပိတ်ဆို့ထားသည် ။
-ကန်ဒေါင့်စခန်းကို PLA သူပုန်သိမ်းခဲ့၍ တပ်ရှိစဥ် မူလက အေးချမ်းစွာနေထိုင်ခဲ့သော အနီးဝန်ကျင် ၂၄ ရွာမှပြည်သူများ မိမိနယ်မြေစိုးမိုးရာဒေသများသိုထွက်ပြေးလာသည်၊ သူပုန်တို့သည် အနီးရှိ အားကောင်းသော ပြည်သူ့စစ် အင်မထီးရွာကို မတိုက်ဘဲ ၊ ဇီးဖြူကုန်းရွာအား ဒရုန်း ၁၀ စင်းဖြင့် ဆက်တိုက်ဗုံးကြဲနေကြောင်းသိရသည်။
-ပဲခူးအနောက် ရိုးမအချေရှိ မင်းလှ PDF စခန်း ရှင်းလင်းခံရ၍ အလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းများ ကျန်ခဲ့သည်။
-လားရှိုးတွင် တရုပ်မှဝင်သည့် စားသောက်ကုန်များကိုသာအားထားနေရပြီး မန္တလေးဘက်မှလာသောကုန်ပစ္စည်းများမှာ ဂိတ် များစွာကို ဖြတ်သန်းရသဖြင့် စျေးအလွန်ကြီးနေသည် ။
-ဖားကန့် လုံးခင်းရှိ သင်္ချိုင်းမြေအား KIA က အကွက်ရိုက်ရောင်းပြီး ကျပ်သိန်းသောင်းချီ၍ရရှိခဲ့ကြောင်း သိရသည် ။
-တောင်ငူတွင် မိုးများပြီး ခပေါင်းချောင်းရေကြီး၍ ဆူးတက်ရွာနှင့် လက်ခုတ်ကုန်းရွာ တံတား ၂ စင်းရေမျောခဲ့သည်၊ရန်ကုန် မြောက်ဒဂုံ ရေမြုပ်နေပြီး ၊ AA ထိန်းချုပ် ပုဏ္ဏားကျွန်း၌ တောင်ကျရေကြောင့် ဒုက္ခသည်စခန်း ၅ ခု ရေမြူပ်လျှက်ရှိရာ ကယ်သူမရှိဟုဆိုသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်
-တပ်ကုန်းမြန်မာ့အသံတွင် ငွေစာရင်းရုံးအုပ်တာဝန်ထမ်းဆောင်သူ နှင်းယဥ်ဖြူ(ခ)နှောင်းနှောင်း(၄၄နှစ်)သည် ၊၎င်း၏ ဆိုရှယ်မီဒီယာ၌ ပန်းသပိတ် ထောက်ခံ ပို့စ် တင်ခဲ့၍ တပ်ကုန်းရဲကဖမ်းဆီးသည်။
-နေပြည်တော်ရုံးချုပ်များအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အစိုးရဌာနဆိုင်ရာ ရုံးဝန်ထမ်းများမနက်ရုံးတက်ချိန်တွင် အလံတော်အားအလေးပြုခြင်း ၊ နိုင်ငံ့ဝန်ထမ်း သစ္စာဓိဌာန် ၆ ချက်ရွတ်ဆိုခြင်းများပြုလုပ်ရန်ညွှန်ကြားထားသည် ၊ ၎င်း ၆ ချက်မှာ ဒို့တာဝန်အရေး ၃ ပါး + နိုင်ငံတော်၏သစ္စာကိုစောင့်သိရိုသေပါမည်၊ပါတီနိုင်ငံရေးကင်းရှင်းပါမည် ၊ နိုင်ငံတော်ကပေးအပ်သောအမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည် တို့ဖြစ်ကြောင်း သိရှိရသည် ။
