-ဇွန်လ ၁၉ ရက် ၁၃၀၀ နာရီတွင် တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်နေ ထက်လင်းပိုင်(၂၃)နှစ်နှင့် သူငယ်ချင်းဖြစ်သူ ဇင်မင်းစိုး(၂၃)နှစ်၊ အရှေ့မော်တုန်းကျေးရွာ၊ တနင်္သာရီမြို့နယ်နေသူတို့သည် မြိတ်မြို့မှ တနင်္သာရီမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာနှင့် ကမ်းတိုကျေးရွာကြား အရောက်၌ ဇဝဲချောင်းတစ်ဖက်ကမ်းမှ PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ထက်လင်းပိုင်တွင် ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် PDF အဖွဲ့မှ အပြစ်မဲ့ပြည်သူများအားအကြောင်းမဲ့ပစ်ခတ်
