ဇွန်လ ၁၈ ရက်(ယနေ့) နေ့လည်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ရေမောင်းတန်းရွာအနီး ဝန်းကျင်များတွင် အကြမ်းဖက် TNLA သူပုန်များနှင့် တပ်မတော်စစ်ကြောင်းများ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး (ကျော်ဟိန်းထိ) ဒဏ်ရာရပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA ၂ လောင်း
(၂) Type-81 သေနတ် ၃ လက်
(၃) ကျည်အိမ် ၇ ခု၊ ကျည် ၁၈၀ ခန့်
(၄) လက်ပစ်ဗုံး ၆ လုံး၊ အီနာဂါ ၂၅ လုံး
(၅) RPG ဗုံးသီး ၃ လုံး
(၆) ကျောပိုးအိတ်/ကျည်ကာ/ယူနီဖောင်းများ
ထပ်မံသိမ်းဆည်းရရှိခဲ့သည်။




