ဇွန် ၁၈ ဗုဒ္ဓဟူးနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အစ္စရေး၏ထပ်မံလေကြောင်းတိုက်ခိုက်မှု့၌ ပထမ နေ့၌ သေဆုံးသွား သော ဗိုလ်ချုပ်ကြီးဟူစိန်ဆာလာမီ နေရာအစားထိုး ရာထူးတက်လာသူ အီရန် စစ်ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မန်ဒီ သေဆုံးခဲ့သည်။

-တီဟီရန် ရှိ အရပ်သားများ ရှောင်ကြရန် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန ဖေ့ဘုတ် စာမျက်နှာကဖော်ပြခဲ့ပြီး ၊ အစ္စရေးမှတရုတ်နိုင်ငံသားများ လေကြောင်းလိုင်းမသုံးဘဲ ကုန်းလမ်းမှဂျော်ဒန်သို့ ထွက်ခွာရန် တရုတ်အစိုးရ ဝီချက် စာမျက်နှာကဖော်ပြခဲ့သည် ။ လက်ရှိအခြေအနေအထိ အီရန် သေ ၃၀၀ကျော် ၊ ဒဏ်ရာရ ၃၀၀၀ ကျော် နှင့် အစ္စရေး သေ ၂၀ ကျော် ၊ ဒဏ်ရာရ ၂၀၀ ကျော် ထိခိုက်ထားသည် ။

-အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီအားလုပ်ကြံတော့မည့် အစ္စရေး၏ အစီအစဥ်သည် အကြံကောင်းမဟုတ်ဟု ထရန့် က ပြောသည် ၊ သို့သော် ယ္ခင်နန်းကျ ရှားဘုရင်၏သားဖြစ်သူအား အီရန်ပြည်တွင်းရေးရှုပ်ထွေးလာရန် မြှောက်ပင့်ပေးလျှက်ရှိသည် ။

-ဖာကီနာဖာဆို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီး အီဘရာဟင်ထရာအို အား ကန် သမ္မတ ထရန့် က လာလည်ရန်ဖိတ်ကြားချက်ကို ငြင်းပါယ်ပြီး နိုင်ငံတည်ဆောက်နေသောကြောင့်မအားလပ်ဟု အကြောင်းပြန်ခဲ့သဖြင့် အာဖရိကခေါင်းဆောင်များအကြား နာမည်ကြီးနေသည် ၊ အဆိုပါစစ်ခေါင်းဆောင်သည် ဒေါ်လာ ၁ သိန်းဘိုးခန့်ရှိမိမိပိုင်ဆိုင်မှု့အစုစုကိုချပြပြီး အခြားအစိုးရအဖွဲ့ဝင်များကိုလည်း ချပြစေကာ၊လာဘ်စားမှု့ကိုတိုက်ဖျက်ခြင်း ၊ IMF မှ အစ ပြည်ပအထောက်အပံ့များသည် ကြွေးမြီထောင်ခြောက် ဟုဆိုကာ ငြင်းပါယ်ခြင်း ၊ မိမိနိုင်ငံကိုကူညီသလိုလိုနှင့် ရွှေအစရှိသောမိုင်း များမှ အမြတ်ထုတ်သွားသော ပြင်သစ်နှင့် ဆော်ဒီ တို့ကိုဝေဘန်ခြင်း စသည်တို့ကြောင့် လူထု ထောက်ခံမှု များလျှက်ရှိသည် ။

ပြည်တွင်းထူးခြားသတင်းများ

-CDM မလုပ်သူများကိုအရေးယူရန် CRPH က ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် မြေပြင်တွင် NUG/PDF တို့က စာသင်နေသောဆရာ/ဆရာမ တို့ကိုသတ်ဖြတ်နေခြင်းအပေါ် ကျောင်းသားသမဂ္ဂ ABSFU ၊ လူမျိုးပေါင်းစုံမျိုးဆက်သစ်သမဂ္ဂ GSCM ၊ တက္ကသိုလ်ဆရာများကိုယ်စားပြုကော်မတီ၊ဒီမိုသပိတ်တပ်ပေါင်းစုကော်မတီ၊မန္တလေးစင်္ကြန်သပိတ်ကော်မတီ စသည့် ယ္ခင် CRPH ထောက်ခံခဲ့သူများက ကန့်ကွက်ခဲ့ကြသည်။

-ညောင်ဦးမြို့နယ် ကုလားတဲရွာ တွဲဘက်အထက မှ G – 12 ဖြေနေသော ကျောင်းသူ ၆ ဦးကျောင်းသား ၃ ဦး ပေါင်း ၉ ဦး၏ မိဘများကို PDF က သတ်ပစ်မည်ဟု ခြိမ်းခြောက်နေ၍ မြန်မာစာဖြေပြီးနောက် ဆက်မဖြေရဲဘဲ အိမ်ပြန်သွားကြရသည် ။

-မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာ မိဘမဲ့ကလေးများကိုစာသင်နေသော ပေတော ဘုန်းတော်ကြီးသင် ဘကကျောင်း အား PDF က စာသင်သောကြောင့်သတ်ပစ်မည်ဆို၍ ကျောင်းထိုင် ဆရာတော်အပါအဝင် ရဟန်း ၊ ကိုရင် ၊ မယ်သီလ ၊ မိဘမဲ့ကလေး ၃၀ ခန့် ထွက်ပြေးလာသည် ။

-ကရင်ပြည်သစ်ပါတီအလံစတစ်ကာ ကားမှန်တွင်ကပ်ထားသောကားတစ်စီးသည် ဆန် ၁၂၅ အိတ်နှင့် စားသောက်စရာများတင်ကာ နေပြည်တော်အထွက် စစ်တပ်ဂိတ်ကို အလွယ်တကူဖြတ်သန်းလာနိုင်ခြင်းသည် ယဥ်မောင်းနှင့်စပါယ်ယာမှာ ဒလန် များဖြစ်သောကြောင့်ဟုဆိုကာ ရေတာရှည် PDF ကဖမ်းပြီး စစ်မေးရန် သံတောင်ကြီး KNU အဖွဲ့သို့လွှဲလိုက်သည်။

-နောင်ချိုဒေသ အုန်းမသီး ၊ လက်ပံကုန်း ၊ ရေမောင်းတန် တလျှောက်ရှိ ပလောင်သူပုန်အခြေပြုရာစခန်းများတပ်မှဆက်တိုက်သိမ်းယူနေပြီး ကြိုဆိုပါ၏ မြို့အဝင်ဂိတ်အထိရောက်လာသည် ။

-နေပြည်တော် ၈ မြို့နယ် G – 12 ပြန်ဖြေ စာရင်းရှိ၁၂၅၃၁ ၊ ဖြေဆို ၁၂၄၀၇ ၊ ပျက်ကွက် ၁၂၄ ဖြစ်၍ ၉၉.၀၁% ပြန်ဖြေဆိုခဲ့ကြောင်းတင်ပြအပ်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *