ကိုဗစ်-၁၉ အတည်ပြုလူနာသစ် (၅၂) ဦးတွေ့ရှိ

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကိုထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်ဟု ယနေ့ ဇွန် ၁၆ ရက်ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC)က အသိပေးခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန် ၈ ရက်ည ၈ နာရီမှ ဇွန် ၁၅ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၂,၂၈၅) ခုကိုစစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသစ်(၅၂)ဦးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကာ လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးနေရသည့်လူနာနှင့် သေဆုံးသူမရှိဟုလည်း အသိပေးခဲ့သည်။

ထို့ပြင် လတ်တလောအချိန်၌ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား‌ေ-သဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု အသိပေးခဲ့သည်။

Popular News

Leave a Reply

Your email address will not be published. Required fields are marked *