P D F မိသားစုများရဲ့ ရင်ဖွင့်သံ

စစ်တပ်နဲ့တိုက်ပွဲဖြစ်တယ် … P D F သေတာ ကျတာတွေ အများကြီး ဒါပေမဲ့ ထုတ်ဖော် ပြောခွင့်မရှိဘူး … တော်လှန်ရေးစိတ်ဓာတ် ပျက်ပြားသွားမှာ စိုးလို့တဲ့
မဖုံးနိုင် မဖိနိုင် သတင်းထွက်လာမှ စာလေးတစ်ကြောင်းလိုင်းပေါ်တက်လာတယ် … R.I.P
ကျန်တာတွေ မသိချင်ယောင်ဆောင်ပေးရတယ် စစ်တိုက်ဖို့ဆိုပြီး ခေါ်သွားတယ် …
တစ်ချို့သေကျန်ခဲ့တာ မသိလိုက်ဘူး … လေး ငါးရက်လောက်နေပြီး… ပြန်မလာတော့မှ …
သြော်… ငါ့သားလေး ငါ့တူလေးသေပြီပဲလို့ … မှတ်လိုက်ရတယ် …
စစ်တပ်ကလဲ ဘာသဘောလည်း မသိဘူး တိုက်ပွဲမှာ P D F ဖက်က အသေရရင်
အလောင်းပါ မီးရှို့ပေးသွားကြတယ် … အမှတ်တရ ဘာမှမချန်ခဲ့ဘူး …
တခါတလေ လမ်းမှာ P D F အလောင်းတွေ အရွဲ့တိုက်ပြီး စစ်ဝတ်စုံအဟောင်းလေး
ဝတ်ပေးသွားသေးတယ် … (၁၀) ရက်လောက်မှအလောင်းတွေ့ရတော့
ရုပ်တွေက မသိရတော့ဘူး … လိုင်းပေါ်မှာတော့ စစ်ခွေးတွေသေပြီ …
အသေအခြာ အမှတ်အသားတွေကြည့်မှ … ကိုယ့်လူတွေ ဖြစ်နေတယ် …
ပေါက်တောင်ပိုင်းမှာ P D F တွေ တစ်ရွာကို လေးယောက်လောက် သေပြီ မသေပါဘူးဆိုတဲ့ရွာ (၂) ယောက် စစ်ကြောင်းတစ်ခါထိုးရင် … P D F (၁၅)ယောက်လောက် ပျောက်သွားတယ် အလောင်းလဲ မရဘူး သေပြီ ရှင်ပြီ မသိရတော့ဘူး …
အသေများတာက စစ်တပ်လာရင် … မိုင်းထောင် မိုင်းဆွဲတဲ့သူတွေ လက်နက်ကြီးနဲ့ အထုခံရရင်တော့ ချက်ချင်း မသေဘူး P D F တောတွင်း ဆေးခန်းလေးတွေနဲ့ ရမ်းကုတွေ လက်ထဲရောက်မှ သေတာ မိုင်းထောင်ရင်းလဲ သေကြတာပဲ …
နောင်တလဲ မရကြသေးဘူး …
P D F လူငယ်တွေကို ရှေ့တန်းတင်ပြီး P D F ခေါင်းဆောင်ပိုင်းတွေက… တပ်လာရင် အဝေးကြီးပြေးတာ …
နောင်လဲ အများကြီး သေကြအုံးမယ်…အမြင်မှန်မရကြသေးရင်
ပိုက်ဆံရှိတဲ့သူတွေ သားသမီးတွေက … ထိုင်းကို ထွက်ပြေးကုန်ကြပြီ … အခုကျန်နေတာ … အိမ်မှာတောင် ထမင်းစားဖို့မရှိကြတဲ့ P D F တွေပဲ ကျန်တယ် … ရွာတွေ ပို့တဲ့ ထမင်းဟင်းလေး စားရင်း P D F လုပ်နေကြရတာ … တစ်ချို့က မိသားစုတွေထားပြီး ပြေးမရလို့ မပြေးကြသေးတာ …စိတ်ကုန်နေကြပြီဗျလို့ …
ပေါက်တောင်ပိုင်းက P D F မိသားစုများရဲ့ရင်ဖွင့်သံ …
အများပြည်သူသိရှိအောင်တင်ပြလိုက်ပါတယ်….
///Crd

Leave a Reply

Your email address will not be published. Required fields are marked *