မေ ၂၈ ဗုဒ္ဓဟူး မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အင်ဒိုနီးရှားပင်လယ်ပြင်တွင် SEA DRAGON အမည်ရှိ သံထည်သေင်္ဘာပေါ်မှ ဒေါ်လာ ၃၀၈ သန်းတန်ဘိုးရှိ ခရစ်စတယ်မက်အင်ဖက်တမင်း များစံချိန်တင်ဖမ်းမိပြီး မြန်မာနိုင်ငံအနီး အက်ဒမန် ပင်လယ်ကိုဖြတ်၍ ထွက်လာသော AA ရခိုင်သူပုန်ပိုင်မူးယစ်ဆေးများဖြစ်ကြောင်းသိရသည်။

-ဆယ်စုနှစ်များစွာကြာ ဒိန်ဘင်ဖူး ခံတပ်မှ ဆုတ်ခွာခဲ့ရပြီးနောက် ပြင်သစ်သမ္မတ မက်ခရွမ်း နှင့် ဇနီး ဗီယက်နမ် သို့ ရောက်လာသည် ၊ ကုန်သွယ်ခြင်း နှင့် ရင်းနှီးမြှပ်နှံမှု့များလုပ်မည်ဟု သိရသည် ။

-ဒေါင်လိုက်တက်ဆင်းနိုင်ပြီး အမြင့် ပေ ၁၂၀၀၀ အထိ ပျံတက်စစ်ဆင်နိုင်ကာ ဂျမ်ဘာများကိုကျော်လွှားနိုင်သည့် ပြည်တွင်းထုတ် ရှဟိဝမ်း အဆင့်မြင့် ဒရုန်းအသစ်ကို အီရန်က ထုတ်ဖော်ပြသခဲ့သည် ။

ပြည်တွင်းထူးခြားသတင်းများ

-လူအင်အားလျော့နည်းလာနေသော AA တပ်ဖွဲ့အတွင်း ရဟန်းသံဃာများပါမကျန် စစ်မှု့ထမ်းရမည်ဟု ခိုင်သုခ က ပြောသည် ။

-KIA ABSDF AA PDF ကွတ်ကီး နှင့် ဂေါ်ရခါး သူပုန်တို့ စုပေါင်းတိုက်နေသော ၆ လကြာ ဗန်းမော်တိုက်ပွဲ မနေ့ကပိုပြင်းထန်ခဲ့သည် ။

-KIA ဌာနချုပ်ရှိ KTV နှင့် melody ဆိုင်များအားလုံး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း သိရသည် ။

-ညောင်ဦးမြို့နယ် နပ္ပလင်ရွာ မှ ဆီကြိတ်နေသော ဦးစိန်သန်း(၆၇)နှစ် ၊ အောင်လံမြို့နယ် ဆင်တုပ်ရွာ မှ အသက် ၃၀ အရွယ် ကိုဇော်ဌေးနှင့်မစန်းစန်းအေး လင်မယား ၂ ယောက် ၊ လက်ပန်တန်းမြို့နယ် ရွာသစ်ရွာ မှ ဦးထွန်းထွန်း ( ၄၅ ) နှစ် တို့အား PDF တို့ဝင်ရောက်သတ်ဖြတ်ခဲ့သည် ။

-ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ၄၈ နာရီအတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်နိုင်၍ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလ က ထုတ်ပြန်သည် ။

Leave a Reply

Your email address will not be published. Required fields are marked *