ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့၏ အရှေ့ဘက် နန့်တိန်းကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် နေရာ ၈ နေရာမှ ရန်သူအင်အား ၁၁၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
ရန်သူ့ အလောင်း ၂ လောင်း၊ ၈၄ မမနောက်ပွင့် ၁ လက်၊ ကေအေ ၁ လက် သိမ်းဆည်းရမိခဲ့
လွိုင်လင်လေး
ကယားပြည်နယ် လွိုင်လင်လေးမြို့၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ ထီးစဲခါးတံတားအနီး နယ်မြေရှင်းလင်းစဉ် ရန်သူအင်အား ၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
အမ်(၂၂) ကျည် ၁၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး သိမ်းဆည်းရမိခဲ့
စလင်း
မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တစ်ဝိုက်နယ်မြေရှင်းလင်းစဉ် အရှေ့ကုန်းကျေးရွာ အနီး သို့အရောက် အကြမ်းဖက်သူအင်အား ၂၀ ဦးခန့်က (၁) ကြိမ်၊ ဆက်လက် ရှင်းလင်းစဉ် ရန်သူအင်အား ၅၀ ဦးခန့်က (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ရန်သူ့စခန်းအား သိမ်းပိုက်ရရှိခဲ့။
ရန်သူ ၁ လောင်း၊ လက်နက် ၄ လက်၊ ကျည် ၄၇ တောင့်၊ ကျည်အိမ် ၄ ခု၊ ပစ်ကျင်း ၈ ကျင်း၊ ဗုံးခိုကျင်း ၃ ကျင်း၊ လူနေတဲ့/အဆောက်အဦ ၁၂ လုံး သိမ်းဆည်းရမိခဲ့
ပဒါန်း
မကွေးတိုင်းဒေသကြီး ပဒါန်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ပျဉ်းဝကျေးရွာ အနီးသို့အရောက် အကြမ်းဖက်သူ အင်အား ၂၀ ဦးခန့်အား တွေ့ရှိသဖြင့် စတင် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရန်သူ့စခန်းအား သိမ်းပိုက်ရရှိခဲ့။
လက်လုပ်မိုင်း ၃ လုံး၊ ကျည်ကာဦးထုပ် ၁လုံး၊ တဲ ၆ လုံး၊ ဘက်ထရီ ၂ လုံး၊ ဝါယာကြိုး ၅၀ ပေခန့်၊ ဆန်အိတ် ၆ အိတ်၊ ဆေးပစ္စည်းမျိုးစုံ ၁ အိတ် သိမ်းဆည်းရမိခဲ့
ပဒါန်းဒေသ၊ နတ်ရေကန်တောင် တာဝါတိုင်စခန်း၏ အနောက်မြောက်ဘက် ၌ လုံခြုံရေးဆောင်ရွက်နေစဉ် AA သောင်းကျန်းသူနှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။
အမ်အေ(၃) ၁ လက်၊ အမ်အေ(၁) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၃၃၂ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ ကျည်ခါးပတ်တွဲ ၃ ခု၊ ကျည်ကာဦးထုပ် ၃ လုံး၊ ပစ်ကျင်း ၂၅ ကျင်း၊ ဘန်ကာ ၁လုံး သိမ်းဆည်းရမိခဲ့
တိုက်ပွဲသတင်းစုံ
