အကြမ်းဖက် PDF များက ဒေသခံများအား ဆက်ကြေးကောက်ခြင်း၊ အတင်းအဓမ္မ လူဆွဲပြီး PDF လုပ်ခိုင်းခြင်း၊ လုံခြုံရေးအစ စစ်ဆေးတယ်ဆိုပြီး လမ်းပေါ်တက်ကာ ခရီးသွားပြည်သူတွေရဲ့ ပစ္စည်းတွေ လုယက်ယူဆောင်ခြင်း စသည့် ယုတ်မာသည့် လုပ်ရပ်များကို သည်းမခံနိုင်သည့် ကျောက်ပနံရွာသားများက တပ်မတော်စစ်ကြောင်းအား PDF စခန်းချထားသည့်နေရာကို သတင်းပေးပို့ခဲ့သည်။
ထို့ကြောင့် ဧပြီလ ၂၉ ရက် မနက်ပိုင်းတွင် နယ်မြေရှင်းလင်းရာ ကျောက်ပနံရွာအနီးရှိ ဘုန်းကြီးကျောင်းအတွင်းမှ အကြမ်းဖက် PDF များက စတင်ပစ်ခတ်ပြီး ထိတွေ့မှုအနည်းငယ်ဖြစ်ပွားကာ ဒဏ်ရာရသူများအား ဆိုင်ကယ်ပေါ်တင်၍ ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) လုပ်သေနတ် ၁၃ လက် (လုပ်စိန်ပြောင်း ၂ လက်အပါ)
(၂) ဗုံးသီး ၆ လုံး
(၃) လက်လုပ်မိုင်း ၃ လုံး
(၄) WY စိတ်ကြွဆေးပြား ၃၀ ပြား
(၅) ကတ်ကြေး(မိုင်းကြိုးဖြတ်) ၁၀ လက်
(၆) စားဆီ ၆၀ ပိဿာ
(၇) ဆန် ၁၀ အိတ်
(၈) ကြက်သွန်နီ ၅၀ ပိဿာ
(၉) ကြက်သွန်ဖြူ ၂ ပိဿာ
(၁၀) အမယ်စုံ ဆာလာအိတ် ၂ အိတ်
(၁၁) ကော်ဖီဖစ် ဆာလာအိတ် ၁ အိတ်
(၁၂) မုန့်မျိုးစုံ ဆာလာအိတ် ၁ အိတ်
(၁၃) အချိုရည် ၅ ကတ် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (လိုင်းအခက်အခဲကြောင့် ပုံများထပ်မံဖော်ပြပါမည်)
