နိုင်ငံတကာထူးခြာသတင်းများ
-တရုတ်ကုမ္ပဏီများမှ ကေမ္ဘာဒီးယား ၊ ထိုင်း ၊ ဗီယက်နမ်တို့တွင် တဆင့်ခံထုတ်လုပ်ပြီး အမေရိကန်ကိုတင်ပို့နေသော ဂျင်ကို တံဆိပ်အဆင့်မြင့် ဆိုလာပြားများကို သွင်းကုန်အခွန် ၃၅၂၁ % တိုးကောက်မည်ဟု ဆိုသည် ။
-ဘိုအင်း ကုမ္ပဏီထုတ် လေယာဥ်အသစ် ၅၀ မှာထားမှု့အား တရုတ်မှ ပြန်ပို့ရန် စီစဥ်ပြီးနောက် မနေ့က ပထမအသုတ် ၂ စီး ပြန်ပို့လိုက်သည် ။
-ဗီယက်နမ်သည် အမေရိကန်ထုတ် F-16 တိုက်လေယာဥ် ၂၄ စင်းဝယ်ယူရန်စီစဥ်နေသည် ။
-အီရန် နျူစက်ရုံအနီး တည်ဆောက်ထားသော လှိုင်ခေါင်းအသစ်ကြီးများအတွင်း ဘာတွေရှိသလဲဟု IAEA က မေးမြန်းရာ ၊ အီရန်က ဒီကိစ္စ ခင်ဗျားတို့အလုပ်မဟုတ်ဘူး ဟု တုန့်ပြန်ခဲ့သည် ။
-တရုတ်တောင်ပိုင်း ရှန်ကျန်းတွင် ၁၀ အရွယ်ဂျပန်ကျောင်းသားကိုသတ်ဖြတ်ခဲ့သည့် လောက်ရှောင်ချန်း ဆိုသူအား ကွက်မျက်လိုက်ပြီဖြစ်ကြောင်း ဂျပန် သံရုံးသို့ တရုပ်က အကြောင်းကြားခဲ့သည် ။
-ယီမင်ရှိ ဟူသီသူပုန်များကိုအမရိကန်ဗုံးကြဲမှု့အစုစုအတွင်း ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ၅၀၀ ကျော်သေဆုံးခဲ့သည်ဟုသိရသည် ။
-ထိုင်းတွင် ဘတ် ၂၇၅ သန်းတန်ဘိုးရှိ မွေမှောင်ခိုတင်ပို့မှု့အား အခွန်ဆောင်၍တရားဝင်ပို့ခွင့်ပြုလိုက်သည် ။
-ကွယ်လွန်သွားသော ၂၆၆ ဦးမြောက် ကက်သလစ်ဂိုဏ်းချုပ် ပုတ် ဖရန်းစစ် နေရာတွင် ၂၆၇ ဦးမြောက် ပုတ်ရဟန်းမင်းအဖြစ် မြန်မာကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်မောင်ဘို ( ၇၆ နှစ် ) အရွေးအချယ်ခံရရန် ရေပန်းစားနေသည် ၊ ၎င်းသည် စစ်ကိုင်းတိုင်း ခင်ဦးမြို့ဇာတိဖြစ်ပြီး ကာဒီနယ်အဆင့် ရဟန်းအဖြစ် ၂၀၁၅ က ရရှိခဲ့ပြီး ကမ္ဘာတလွှား၌ ကာဒီနယ် ၂၅၂ ပါးရှိကာ ၁၃၈ ပါး အတွင်းမှမဲပေးရွေးချယ်ကြရမည်ဖြစ်သည် ၊ ယခုအခါ၎င်းသည် ဗာတီကန် သို့ ရောက်နေပြီဖြစ်သည် ။
ပြည်တွင်း ထူးခြားသတင်းများ
-ကမ္ဘာ့ သံဖြူ ( Tin ) ထုတ်လုပ်မှု တတိယအများဆုံးဖြစ်သော UWSA ” ဝ ” အဖွဲ့သည် ထုတ်လုပ်မှု့လိုင်စင်ချပေးရန် ပြည်ပကုမ္ပဏီများနှင့် ပန်ဆန်းတွင် ဆွေးနွေးနေသည် ။
-ရေစကြိုမြိုနယ်အတွင်းရှ် PDF စခန်းများကို တပ်မတော်မှ ရှင်းလင်းနေပြီး စက်တပ်လေထီး တစ်စင်း စက်ချို့ယွင်း၍ ပျက်ကျခဲ့သော်လည်း မောင်းနှင်သူ အန္တရာယ်ကင်းခဲ့သည် ။
-အင်အားအပြည့်ပါသော တပ်မအဆင့်စစ်ကြောင်းတစ်ခုသည် ဖားကန့် ဂွင်သို့ ဦးတည်ချီတက်နေကြောင်းလည်း လူမှုစာမျက်နှာများတွင် တွေ့ရှိရသည်။
