ဧပြီ ၂၄ ရက် ကြာသပတေးနေ့ မနက်ခင်းများ

နိုင်ငံတကာ ထူးခြားသတင်းများ

-အိန္ဒိယတွင် အမေရိကန်ဒုသမ္မတရောက်နေစဥ် ကက်ရှမီးယားဒေသ ခရီးသွားများပစ်ခတ်ခံရ၍ ၂၆ ဦးသေ ၁၇ ဦးဒဏ်ရာရသည် ၊ အကြမ်းဖက်သူများမှာ ပါကစ္စတန်ကြောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများဖြစ်သည်ဟု အိန္ဒိယကစွတ်စွဲလိုက်ပြီး ပိတ်ဆို့ရှာဖွေနေသည် ။

-မဂ္ဂနီဆီယံဟိုက်ဒရိုက်မှ အခြေခံထုတ်လုပ်သော အနုမြူဗုံးထက် ပိုပြင်းသည့် ဟိုင်ဒရိုဂျင်ဗုံးတစ်လုံးကို တရုတ်တို့ ဖောက်ခွဲစမ်းသပ်ခဲ့သည် ။

-VOA/RFA/MBN သတင်းဌာနများ၏ဝန်ထမ်းအားလုံးကို အလုပ်ပြန်ခန့်ရန် ဖက်ဒရယ် တရားသူကြီးတစ်ဦးကအမိန့်ချမှတ်ခဲ့ခြင်းအပေါ် အစိုးရကလိုက်နာရန်ရှိမရှိ မသိရသေးပေ ။

-F – 35 နှင့် သဏ္ဍန်တူသော KAAN အမည်ရှိ ပဥ္စမမျိုးဆက် ကိုယ်ပျောက် ဂျက်တိုက်လေယာဥ်တစ်စီး တူရကီ ကထုတ်လုပ်ခဲ့သည် ။

-ဖိလစ်ပိုင်တောင်ပိုင်းတွင်ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် တစ်ခုလှုပ်ခဲ့သည် ။

တက္ကဆလ ကားများ ရောင်းအားကျပြီးနောက် အစိုးရကို ကူညီနေမှု့များမလုပ်တော့ဟု အီလွန်မတ်က ပြောသည် ၊ ၎င်းဦးဆောင်သော DOGE အဖွဲ့စစ်ဆေးမှု့ကြောင့် ဝန်ထမ်း ၂ သိန်းကျော်အလုပ်ပြုတ်ခဲ့၍ လူမုန်းများနေသည် ။

ပြည်တွင်း ထူးခြားသတင်းများ

မြိတ်-ထားဝယ် ကားလမ်း သူပုန်ပိတ်ဆို့ထား၍ ခရီးသည်များသည် တစ်ယောက် ၃ သိန်းနှုံးဖြင့် ရေလမ်း မှ စပိဘုတ် ဖြင့်သွားလာနေရသည် ။

-မုံရွာမြို့ မြဝတီ တိုးချဲ့ကွက်သစ်နေ ဂျွန်မိုးသဲ ဆိုသူသည် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် ငလျင်လှုပ်မည်ဟု TikTok ၌ တင်ခဲ့၍ ဖမ်းဆီးခဲ့သည် ၊ ၎င်းသည် မြို့ပေါ်၌ဆန္ဒပြခြင်း ၊ KNDO စခန်း၌ အကြမ်းဖက်သင်တန်းတက်ခြင်း ၊ PDF ထောက်ပို့လုပ်ခြင်းတို့ကြောင့် အကြမ်းဖက်ပုဒ်မ ၅၀/ည ၊ ၅၂/က တို့ဖြင့်ထောင်ကျပြီး လွတ်ငြိမ်းဖြင့်လွတ်လာသူဖြစ်သည် ။

-မင်္ဂလာတောင်ညွှန့် ၁၀၈ လမ်းတိုက်ခန်းတွင်တစ်ဦးတည်းနေသူ ဒေါ်အရှာဘီ (၆၀ နှစ်) သတ်ဖြတ်ခံရပြီးရွှေငွေများယူဆောင်သွားသူများ ဖမ်းမမိသေးပေ ။

-ရန်ကုန် – ပြည်လမ်း မင်းလှမြို့အနီး PDF များကမိမိလုံခြုံရေးတပ်ဖွဲ့စခန်းများအားလာတိုက်ခဲ့သည် ။

-တရုတ် လူမှု့မီဒီယာ ဝီချက် သုံးနေသော NUG အုပ်စုများ အပိတ်ခံရသည် ။

-ပြင်းထန်ငလျင်လှုပ်ခဲ့သော်လည်း ၁၉၇၅ ခုနှစ်က အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာနက စနစ်တကျတည်ဆောက်ခဲ့သော စစ်ကိုင်းမြို့ ဇေယျာသီရိ ရုပ်ရှင်ရုံဟောင်းကြီး လုံးဝထိခိုက်မှု့မရှိခဲ့၍ နာမည်ကြီးနေသည်။

-ကိုးကန့်သူပုန်တို့ လားရှိုးမှဆုတ်ခွာခဲ့ပြီးနောက် မူဆယ် – မန်း လမ်းတလျှောက်မြို့ရွာများကိုသိမ်းယူထားသော ပလောင်သူပုန်များ အလှည့်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည် ။

Leave a Reply

Your email address will not be published. Required fields are marked *