အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊ ​​ညောင်ဦးမြို့နယ်တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ပြည်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲမှ အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရသည်။

ယမန်နေ့မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ်၊ မြေသင်းတွင်းကျေးရွာ၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဖြစ်သူ ဦးရဲထွန်း၊ ၅၃ နှစ်၊ (ဘ)ဦးမောင်ဒွေးသည် ကျေးရွာအနောက် ပိုင်းရှိ ဦးကြည်အောင် ၏ နေအိမ် ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၈ ဦးခန့်သည် လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်၍ ကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ ဇီးအိုကျေးရွာဘက်မှ ဆိုင်ကယ် ၄ စီးဖြင့်ရောက်ရှိလာကာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နေအိမ်အတွင်းမှ တစ်ကျပ်သားရွှေဆွဲကြိုး ၂ ကုံး(တန်ဖိုး ၁၂၀ သိန်းကျပ်ခန့်)နှင့် ခြံဝင်းအတွင်းရပ်ထားသော MDY-6/8C/1093 Light Truck အဖြူရောင်ယာဉ်အား ယူဆောင်မောင်းနှင်ပြီး လာရာလမ်းအတိုင်းထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာ၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးဖြစ်သူ ဦးရဲတင့်နှင့် သားမက်ဖြစ်သူ ဇော်မင်းမြတ်၊ ၃၃ နှစ်၊ (ဘ)ဦးမိုးကောင်းနှင့် သားမက်ဖြစ်သူတို့အား အကြမ်းဖက် PDF အဖွဲ့များမှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *