ဧပြီ ၁၂ ရက် (ယနေ့) ညနေမှာ တောင်ခမ်းဒေသရှိ လခရစခန်းတစ်ခုအား TNLA သူပုန်များ လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ရန်သူထွက်ပြေးသွားခဲ့ပြီး ထွက်ပြေးသွားသည့် အကြမ်းဖက် TNLA သူပုန်များနောက်သို့ ထပ်ကြပ်လိုက်လံရှင်းလင်းရာ မဲပုပ်ရွာအနီး ရန်သူ့စခန်းချနေရာအား ညနေ ၆ နာရီခန့်တွင် စီးနင်းသိမ်းပိုက်ခဲ့။
ဖြစ်စဉ်တွင် မိမိထိခိုက်မှု မရှိဘဲရန်သူ့ထံမှ -(၁) အကြမ်းဖက် TNLA ၃ လောင်း (ကျား ၂၊ မ ၁)(၂) Type-81 သေနတ် ၁ လက်(၃) ကျည်အိမ်/ခဲယမ်းများသိမ်းပိုက်ရရှိခဲ့ပါသည်။-တောင်ခမ်း Fighter တွေက သူ့စခန်းကို လာထိရင် ရေဆုံး/မြေဆုံး ချေမှုန်းလေ့ရှိ။ အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး သွေးတိုးလာစမ်းတဲ့ TNLA သူပုန်ရဲ့ အပြစ်သာဖြစ်ပါတယ်။
-မနက်ဖြန် သင်္ကြန်လက်ဆောင်အဖြစ် မဲပုပ်မှာ နိုင်ငံတော်အလံ လွှင့်ထူပါမည်။ 🇲🇲🇲🇲


