ကူညီကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိလာ

ယနေ့ ဧပြီ ၁ ရက် မနက် ၁ နာရီခန့်မှာ ရုရှားနိုင်ငံမှ လေယာဉ် ၂ စီး (၉၅ ဦး၊ ကယ်ဆယ်ရေးယာဉ် ၄ စီး)နှင့် ဘီလာရုစ်လေယာဉ် ၁ စီး (၃၃ ဦး၊ ကယ်ဆယ်ရေးယာဉ် ၂ စီး) တို့ နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။

ရုရှားကယ်ဆယ်ရေးအဖွဲ့များဟာ မနက် ၅ နာရီတွင် Mandalay မြို့သို့ ထွက်ခွာသွားပြီး ယခင်ရောက်ပြီး ၁၆၉ ဦးဖြင့် ပူးပေါင်းသွားမည်ဖြစ်ပါတယ်။

ဘီလာရုစ်ကယ်ဆယ်ရေးအဖွဲ့များသည် မနက် ၉ နာရီတွင် Mandalay မြို့သို့ ထွက်ခွာသွားပြီး ဧပြီ ၃ ရက်နေ့တွင် ဘီလာရုစ် လေယာဉ် ၁ စီး ထပ်မံရောက်ရှိလာမယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *