1. ဆံခြည်မျှသော အက်ကြောင်းများ ဤအက်ကြောင်းများသည် ကရက်ဒစ်ကတ် (သို့) ဆံခြည်တစ်မျှင်ထက် မကျယ်ပါ။ အရေးပေါ်အဆင့် – အန္တရာယ်နည်းသည်
2. ဒေါင်လိုက်အက်ကြောင်းများ ဤအက်ကြောင်းများသည် ပါးချော (သို့) ထူထဲနိုင်ပြီး အပေါ်အောက်ဖြစ်နိုင်သည်။ ၅ မီလီမီတာထက် ကျယ်ပြန့်မှသာ ကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။ အရေးပေါ်အဆင့် – အနည်းငယ်မှ အလယ်အလတ် အန္တရာယ်ရှိသည်
3. အလျားလိုက်အက်ကြောင်းများ ဤအက်ကြောင်းများသည် ပါးချော (သို့) ထူထဲနိုင်ပြီး ဘယ်မှညာသို့ ဖြစ်နိုင်သည်။ အလျား သို့မဟုတ် အနံ မည်မျှရှည်တိုပုံစံမဆိုကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။ အရေးပေါ်အဆင့် – အန္တရာယ်အလွန်ရှိသည် မနေသင့်
4. ထောင့်စောင်းအက်ကြောင်းများ ဤအက်ကြောင်းများသည် ထူထဲ (သို့) ပါးချောနိုင်ပြီး ၃၀ မှ ၇၀ ဒီဂရီထောင့်ဖြင့် ဖြစ်နိုင်သည်။ အလျား သို့မဟုတ် ဒေါင်လိုက်အကျယ်မည်မျှမဆို ကျွမ်းကျင်သူ၏ အကူအညီလိုအပ်ပါသည်။ အရေးပေါ်အဆင့် – လုံးဝ မနေသင့်ပါPhoto credit to original uploader

