ယခုနှစ်သင်္ကြန်ပွဲတော်ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း ၊ အင်းလေးဒေသအတွင်း ၊ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ကျင်းပသွားမယ်လို့သိရပါတယ်။
မဟာသင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်း တစ်ရက်အထိကျင်းပသွားဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
“ယအခုနှစ် မဟာသင်္ကြန်ပွဲတော်မှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာရှိတဲ့ ဗဟိုမဏ္ဍပ် ၊ ရေကစားမဏ္ဍပ်တွေ ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ စည်းကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီးတော့ ၊အင်းလေးဒေသရဲ့ထင်ရှားတဲ့ရေပေါ် သင်္ကြန် ပွဲတော်ကိုလည်းကျင်းပမှာဖြစ်တယ်လို့” ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ၊ ရှမ်းပြည်နဲ့ညွှန်ကြားရေးမှူးက ပြောပါတယ်။
CRD//