ပြည်ပထူးခြားသတင်း –
-On line တွင်သာအသုံးပြုရသော ခရစ္စတိုငွေကြေး ၁.၅ ဘီလျံ ဖောက်ထွင်းခိုးယူခံရကြောင်း ခရစ္စတိုငွေကြေး တည်ထောင်သည့် Bybit ကုမ္ပဏီ ၏ CEO ဘန်ချောင်း က ပြောသည် ၊ ထိုသို့ ဟက်ကာ တိုက်ခိုက်မှု့၏ နောက်ကွယ်တွင် မြောက်ကိုးရီးယား နိုင်ငံရှိနေကြောင်းလည်းစွပ်စွဲခဲ့သည် ။
-ဘင်္ဂလားဒက် ဒုက္ခသည် စခန်း သို့သွားရောက်ခဲ့သော ကုလအတွင်းရေးမှုးချုပ် ဂူတာရက်က ထောက်ပံ့ငွေဖြတ်တောက်ခံရခြင်းသည် ရာဇဝတ်မှု့ကျူးလွန်ရာရောက်သည်ဟု ပြောဆိုခဲ့သည် ၊ ဒုက္ခသည် တစ်ဦးလျှင် တလ ၁၂ ဒေါ်လာ မှ ၆ ဒေါ်လာသို့ လျှော့ချခဲ့သည် ။
-အမေရိကန်နိုင်ငံက တောင်အာဖရိက သံအမတ် အီဘရာဟင်ရာဇူး ကို နှင်ထုတ်လိုက်ခြင်းအပေါ် စိတ်မကောင်းကြောင်း တောင်အာဖရိက က ဆိုသည် ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုယူဘီရို က ၎င်းတို့၏ မဟာမိတ် အစ္စရေး ကို တရားစွဲသောကြောင့်ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ပြောကြားသည် ။
-ICC ၌ တရားစွဲခံခဲ့ရသော ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ကို ဖမ်းပို့ခဲ့သည့် လက်ရှိသမ္မတ မားကို့စ်(ဂျူနီယာ) အား ပြည်တွင်းပြည်ပရှိ ဖိလစ်ပိုင်မျိုးချစ်များက နုတ်ထွက်ပေးရန် ဆန္ဒပြနေကြသည် ။
-အမေရိကန်၏လေကြောင်းတိုက်ခိုက်မှု့ကြောင့် ယီမင် ရှိ ဟူသီသူပုန် ၃၁ ဦး သေဆုံးသည် ။
ပြည်တွင်း ထူးခြားသတင်း-
-ရွှေစာရံ – ကျောက်ဆည် ဖြတ်လမ်း မီးသွေးဖုတ် ရွာအနီး ၁၃ ဦးပါ ဘုရားဖူးကားမှောက်ရာ ၆ ဦးသေ ၇ ဦးဒဏ်ရာပြင်းထန်သည် ၊ ၎င်းတို့သည် ပြင်ဦးလွင် မိုးကြိုးပစ် ရွာသားများဖြစ်ကြောင်း သိရသည် ။
-ပဒန်း – တောင်ကုတ်လမ်း ညောင်ကျိုးစခန်းရှေ့ကာကင်းကုန်း AA တို့တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများ စစ်ကူပို့ထားသည် ။
-ပဲခူးတိုင်း ဝေါမြို့တွင် ငွေကျပ် ၃.၇ ဘီလျံ တန်ဘိုးရှိ စိတ်ကြွဆေးပြား ၂၅ သိန်း ဖမ်းမိသည် ။
ပြည်ထောင်စုနယ်မြေ နေပြည်တော် –
-မနေ့က နိုင်ငံတော်အကြီးအကဲသည် ဘွဲ့တံဆိပ် ရရှိသူများကို ချီးမြှင့်ခဲ့ရာ စည်သူဘွဲ့ ( ၁၃ ) ဦး ၊ သူရဘွဲ့ ( ၃ ) ဦး ၊ ဇေယျကျော်ထင် ( ၁၇ ) ဦး ၊ ဝဏ္ဏကျော်ထင် ( ၁၄ ) ဦး ၊ အလင်္ကာကျော်စွာ ( ၁ ) ဦး ၊ သိပ္ပ ကျော်စွာ ( ၂ ) ဦး တို့ပါဝင်ခဲ့သည့် သတင်းမှအပ –