မတ် ၁၄ ရက် နံနက်ပိုင်းတွင် ဝါရာဇွပ်ရွာ၏ မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ အကြမ်းဖက် KIA စခန်းကုန်းအား တပ်မတော်/ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) AK-47 သေနတ် ၁ လက်
(၂) 7.62 ကျည် ၄၀၀ တောင့်
(၃) ကျည်ကာအင်္ကျီ ၆ ထည်
(၄) ကျည်ကာဦးထုပ် ၅ လုံး
(၅) လက်ပစ်ဗုံးမျိုးစုံ ၈ လုံး
(၆) ကျည်အိမ် ၁၁ ခု
(၇) ယူနီဖောင်း ၅ စုံ
(၈) ဘီဇူကာဗုံးသီး ၈ လုံး
(၉) ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့ပါသည်။


