မတ်လ ၇ ရက်နေ့ ညနေပိုင်းအချိန်က မင်းကင်းမြို့နယ်၊ မအူကုန်းရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ -(၁) အကြမ်းဖက် PDF ၁ လောင်း(၂) MA-1 သေနတ် ၁ လက်(၃) ကျည်အိမ် ၂ ခု၊ ကျည် ၁၇ တောင့်(၄) အိုင်ကွန် ၁ လုံး(၅) Student’s Revolutionary Force အင်္ကျီ ၁ ထည်တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။



