အကြမ်းဖက် PDF များမှ ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှုများ

-မတ်လ ၅ ရက်နေ့ ၁၁၀၀ နာရီတွင် ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာတွင်နေထိုင်သော ဦးကျော်ဝင်း(၇၀)နှစ်သည် မြေးဖြစ်သူ မြတ်ကောင်းခန့်(၁၅)နှစ်နှင့်အတူ မော်တော်ယာဉ်ဖြင့် ရွှေဘိုမြို့သို့ဈေးသွားရောက် ဝယ်ယူ၍ ကျေးရွာသို့ပြန်လာစဉ် ရွှေဘိုမြို့နယ်၊ သပြေသာကျေးရွာ အနီးသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ဝင်အင်အား ၂၀ ဦးခန့်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်အားထားခဲ့ပြီး ဇီးကုန်း(ပသစ)ကျေးရွာသို့ ထွက်ပြေးခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရ။

-မတ်လ ၅ ရက်နေ့ ၁၅၃၀ နာရီတွင် စလင်းမြို့နယ်၊ ပေါက်စုကျေးရွာတွင်နေထိုင်သော ဦးထွန်းထွန်းနိုင်(၄၈)နှစ်သည် ၎င်း၏ နေအိမ်၌ ဖြိုးဝေအောင်(ခ)ဗိုလ်အောင်ဒင်(၂၉)နှစ်နှင့် စပါးအရောင်းအဝယ်ပြုလုပ်နေစဉ် အကြမ်းဖက်အဖွဲ့ PDF အင်အား ၁၀ ဦးခန့်မှ လူနာတင်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၍ နေအိမ်အတွင်းမှ ဆိုင်ကယ် ၁ စီးနှင့် ငွေ ၁၀ သိန်းခန့်အား ယူဆောင်ထွက်ပြေးသွားခဲ့ရာ ဦးထွန်းထွန်းနိုင်မှာ နေအိမ်အနောက်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဖြိုးဝေအောင်(ခ)ဗိုလ်အောင်ဒင် တွင် ယာလက်ပြင်၊ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့။

-မတ်လ ၅ ရက်နေ့ ၁၂၀၅ နာရီတွင် ပဲခူးမြို့နယ်၊ မရမ်းချောင်ကျေးရွာတွင်နေထိုင်သော ဦးကျော်ထူး(၆၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ထွက်ပြေးသွားခဲ့ရာ ဦးကျော်ထူးတွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-မတ်လ ၅ ရက်နေ့ ၀၉၅၅ နာရီတွင် ရေနံချောင်းမြို့နယ်၊ ယင်းမချောင်းကျေးရွာ ဘုန်းကြီးကျောင်းမှ ဥူးသုဇာတ သက်တော် (၈၅)နှစ်၊ ဝါတော် (၅၃)ဝါနှင့် ဦး၀င်းလှိုင်(၄၈)နှစ်၊ ယင်း‌မချောင်းကျေးရွာနေသူတို့ ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ယင်းမချောင်းကျေးရွာမှ အုတ်ရှစ်ကုန်းကျေးရွာရှိ အလှူသို့ သွားရောက်ခဲ့ရာ အုတ်ရှစ်ကုန်း ကျေးရွာထိပ်အရောက်၌ အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး တိုက်မိပေါက်ကွဲခဲ့ရာ ဥူးသုဇာတတွင် ဒဏ်ရာများရရှိခဲ့ပြီး ဦးဝင်းလှိုင်တွင် မိုင်းစထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းတို့ ၂ ဦးအား အကြမ်းဖက်အဖွဲ့မှ သယ်ဆောင်သွားခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *