KIA နဲ့ MNDAA စားခွက်လုတိုက်ပွဲက ဒေသခံပြည်သူများ ဓားစာခံဖြစ်ရ

MNDAA က ဗုံးစီးကျေးရွာအုပ်စု၊ မန်ပြိန်းရွာအနီး ဒေသခံပြည်သူတွေရဲ့ လယ်လုပ်ကွက် ၁၀၀၀၀ ကျော်ကို ရေပေးနေတဲ့ မုံးစီးချောင်းတစ်လျှောက်နဲ့ လယ်မြေတွေကို တရုတ်ထုတ်ယန္တရားတွေနဲ့ ရွှေခေါ်တူးလို့ ဒေသခံတွေက ကန့်ကွက်ကြတယ်။ KIA ကလည်း လူစွာဝင်လုပ်ပြီး ဟန်ပြဟိန်းဟောက်တားဆီးတာကို ကိုးကန့်တရုတ် MNDAA ကလည်း ပါးစပ်နဲ့မပြောဘဲ သေနတ်နဲ့ပြန်ဖြေရှင်းလိုက်တဲ့အတွက် KIA ကောင်တွေရော၊ ဒေသခံပြည်သူတော်တော်များများရော သေဆုံး၊ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်လို့ ပုံတွေ တက်လာတာ တွေ့ရတယ်။

KIA နဲ့ MNDAA စားခွက်လုတဲ့ပွဲ ကြားမှာ အပြစ်မဲ့ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသားတွေ သေဆုံး၊ ဒဏ်ရာရတဲ့အတွက် စိတ်မကောင်းဖြစ်ရသလို စီးပွားရေးသောင်းကျန်း၊ တိုင်းပြည်သယံဇာတကို ဂုတ်သွေးစုပ် ခိုးထုတ်နေတဲ့ သူခိုးလက်နက်ကိုင်သူပုန်တွေကိုလည်း စက်ဆုပ်ရွံ့ရှာမိတယ်။

လက်နက်ကိုင် အကြမ်းဖက်သူပုန်တွေ အမြန်ဆုံး ငရဲပြည်ရောက်ဖို့ ဆုတောင်းလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *