ကျောက်ဖြူမြို့နယ် စီမော်ရွာအနီးက AA ရဲ့ လှူဒါန်းမှုပဲ ဖြစ်ပါတယ်။
ပြီးခဲ့သည့် ၂၁-၂-၂၀၂၅ နေ့မှစ၍ ကျောက်ဖြူအနီးရှိ AA အကြမ်းဖက်သောင်းကျန်းသူများရှိရာ နေရာများအား တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိရာ ဖေ ၂၆ ရက် (ယနေ့) ညနေပိုင်း ၄ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့အရှေ့တောင်ဘက် ၅ မိုင်အကွာ စီမော် ကျေးရွာအနီးရှိ AA အကြမ်းဖက်သောင်းကျန်းသူစခန်းတစ်ခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါစခန်း သိမ်းပိုက်ရာ၌ အကြမ်းဖက်သောင်းကျန်းသူများထံမှ -(၁) AA အလောင်း ၂ လောင်း(၂) လက်နက်ငယ် ၃ လက်(၃) လက်နက်ကြီး ၁ လက်(၄) ကျည်အိမ် ၉ ခု(၅) လက်နက်ငယ်ကျည် ၁၂၅၃ တောင့်(၆) ဗုံးသီး ၃ လုံး(၇) ပစ်ကျင်း/ ဘန်ကာများတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။




