အကြမ်းဖက် PDF များမှ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ

-ဖေဖော်ဝါရီလ ၂၅ ရက် ၀၉၃၀ နာရီတွင် ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဓမ္မစေတီလမ်းနေ ဒေါ်ယဉ်ယဉ်ချော(၄၄)နှစ်၊ ခေတ်သစ် ပွဲရုံပိုင်ရှင်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးခန့်သည် မော်တော်ယာဉ် ၁ စီးဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်ယဉ်ယဉ်ချော တွင် ဝဲ/ယာရင်အုံကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၂၅ ရက် ၁၁၀၀ နာရီတွင် တောင်တွင်းကြီးမြို့နယ်၊ စည်သာကြီးကျေးရွာနေ မြင့်ဇော်ဦး(ခ)နန်းဦး(၃၈)နှစ်သည် ၎င်းပိုင် ယာခင်းအတွင်း၌ လုပ်ငန်းဆောင်ရွက်နေစဉ် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာပြီး ဒလန်ဟုစွပ်စွဲ၍ လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ မြင့်ဇော်ဦး(ခ)နန်းဦးတွင် ယာရင်အုံ၊ ဝဲနံ၊ ယာလက်ဖျံ၊ ယာခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၂၅ ရက် ၀၇၃၀ နာရီတွင် နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာနေ ဦးနေဝင်း(၅၆)နှစ်သည် ၎င်း၏ နေအိမ်သို့ အလည်ရောက်ရှိနေသည့် တစ်ရွာတည်းနေ ဦးတင်ရှိန်(ခ)ဦးမဲညို(၅၆)နှစ်နှင့်အတူ စကားပြောနေ စဉ် PDF အကြမ်းဖက်အဖွဲ့ဝင် အင်အား ၁၀ ဦးခန့်မှ ရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ဦးနေဝင်းတွင် ယာရင်အုံ၊ ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးတင်ရှိန်(ခ)ဦးမဲညိုတွင် ယာဂျိုင်း အောက်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *