ဧရာဝတီက တင်စားလိုက်တဲ့ အညာဒူဘိုင်းဗုံးကြဲခံလိုက်ရ

NUG လက်အောက်ခံ ပကဖ တွေကြီးစိုးထားပြီး အညာဒူဘိုင်းလို့ တင်စားထားတဲ့ မြိုင်မြို့နယ်က ရေနံမှော်ကို တပ်မတော်က ဒီနေ့နံနက်မှာ ဗုံးကြဲပြီးချေမှုန်းလိုက်တယ်လို့ သတင်းတွေတက်လာတာတွေ့ရတယ်

သေဆုံးမှုတွေလည်းများတယ်ဆိုပြီး PDF ချန်နယ်အချို့မှာတင်ထားတယ်။

တပ်မတော်အနေနဲ့ လူပြောများလို့ ဗုံးတစ်ခါလောက်ကြဲပြီးတာနဲ့ ပြီးပြီဆိုပြီးထားလို့မရဘူး။ နောက်ထပ် နောက်ထပ်တွေ ဆက်ပြီးမလုပ်ရဲအောင် ၊စုဖွဲ့ပြီး မနေနိုင်အောင်၊ PDF တွေအတွက် ငွေကြေးရပေါက်ရလမ်းတွေကို အကုန်ရှင်းလင်းချေမှုန်းရမယ်။

ဒါတင်မကသေးဘူး EAOs အဖွဲ့တွေနဲ့ပေါင်းပြီး နိုင်ငံတော်ရဲ့သယံဇာတတွေကို ခိုးထုတ်တဲ့နေရာမှန်သမျှ အကုန်ရှင်းလင်းရမယ်။ ဒီလိုတွေ ပြတ်ပြတ်သားသား လုပ်ပါမှ အကြမ်းဖက်အဖွဲ့တွေအတွက် အုပ်ချုပ်ထောက်ပံ့မှုမှာ အခက်အခဲ ဖြစ်သွားစေမှာဖြစ်တယ်။ ဒီလိုအခက်တွေ့မှ ရန်သူဟာ အင်အားချိနဲ့မယ်။ငွေမရှိရင် ဘယ်လောက်ပဲ စစ်တိုက်ချင်တယ်ပဲပြောပြော စစ်တိုက်လို့မရပါဘူး။ ဝင်ငွေရနေသမျှတော့ စစ်ပွဲကဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ဒါကြောင့် အကြမ်းဖက် သမားတွေရဲ့ ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ပါ။

အဲဒီလိုမှမဟုတ်ဘဲ ဒီတိုင်းဆက်သွားနေမယ်ဆိုရင် မုန့်လုံးစက္ကူကပ်နေတာနဲ့ စစ်ပွဲသံသရာက ရပ်မှာမဟုတ်တော့ဘူး…

ဒါကြောင့် တပ်မတော်အနေနဲ့ ဒီစစ်ပွဲတွေကို အမြန်လက်စသတ်ပေးပါတော့။ ပြည်သူတွေလည်း ပင်ပန်းနေကြပါပြီ။

မြသွေး

Leave a Reply

Your email address will not be published. Required fields are marked *