ဖေဖော်ဝါရီလ ၂၄ ရက် (ယနေ့) မနက်ပိုင်းတွင် မတ္တရာမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းသည် မြောင်းသစ်ကုန်းရွာအနီးတွင် အကြမ်းဖက် PDF ၃၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် PDF များသည် ၎င်းတို့၏ အလောင်းများဆွဲယူကာ မြောက်အရပ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ မဆွဲနိုင်ဘဲ ကျန်ရစ်ခဲ့သည့် –
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) လက်နက်မျိုးစုံ ၆ လက်
(၃) ကျည်အိမ် ၆ ခု၊ ကျည်ဆန်များ
(၄) ကျည်ကာဦးထုပ် ၁ လုံး တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး ဆုတ်ခွာရန်သူနောက်သို့ စစ်ကြောင်းများမှ ထပ်ကြပ်လိုက်လံချေမှုန်း လျက်ရှိသည်။
ယခု ရက်ပိုင်းအတွင်းတွင် မတ္တရာမြို့နယ်အတွင်း နေရာ ၃ နေရာတွင် ထိတွေ့မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF ၆ လောင်း၊ သေနတ် ၁၇ လက် ရရှိထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။
Congratulations ပါ


