-ဖေဖော်ဝါရီလ ၆ ရက် ၁၆၁၅ နာရီတွင် ညောင်ဦးမြို့နယ်၊ ကုက္ကိုချောင်းကျေးရွာနေ ဖိုးကျော်(ခ)ဆန်းကျော်(၄၈)နှစ်သည် ကျေးရွာ၏အရှေ့ဘက် ယာခင်း၌ တောင်ယာလုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးခန့်မှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဖိုးကျော်(ခ)ဆန်းကျော်တွင် ရင်အုံ၊ ဝဲပုခုံး ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။
-ဖေဖော်ဝါရီလ ၆ ရက် ၀၉၃၀ နာရီတွင် အုတ်တွင်းမြို့နယ်၊ အနောက်ဘိုကုန်းကျေးရွာနေ ထွန်းထွန်းဝင်း(၂၈)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၆ ဦးခန့်မှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ထွန်းထွန်းဝင်းအား ခေါ်ယူ၍ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ ထွန်းထွန်းဝင်းတွင် ဝဲပါး၊ နားထင်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။
-ဖေဖော်ဝါရီလ ၁၂၄၅ နာရီတွင် ပွင့်ဖြူမြို့နယ်၊ ဖလံကျင်းကျေးရွာနေ ဇင်မင်းထွန်း(၃၉)နှစ်နှင့် ကျော်ဌေးဝင်း (၃၂)နှစ် တို့ ၂ ဦးသည် ကျေးရွာ၏တောင်ဘက်ရှိ ဇီးခြံသို့ သွားရောက်စဉ် ဇီးခြံအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်း ၁ လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ ဇင်မင်းထွန်းတွင် ယာနားနောက်၊ ယာလက်မောင်း၊ ယာခြေသလုံးမိုင်းစထိမှန်ဒဏ်ရာ၊ ကျော်ဌေးဝင်းတွင် နှုတ်ခမ်း၊ လက်ကောက်ဝတ်၊ ယာဒူးပေါက်ပြဲ ဒဏ်ရာတို့ ရရှိခဲ့။