အရက်သောက်တဲ့သူတစ်ခါတည်းသောက်တတ်သွားတာမဟုတ်ပါဘူး တဖြည်းဖြည်းနဲ့သောက်တတ်သွားတာ ကြာတော့မကောင်းတဲ့အရက်တောင်ကောင်းသွားတာမဟုတ်လားတရားထိုင်တာလဲအဲ့ဒီလိုကျင့်ယူရတာပဲတစ်ခါတည်းရချင်လို့မဖြစ်ဘူး တရားထိုင်တဲ့နေရာမှာတကယ့်ဆရာက သတိပဲလမ်းလဲပြတယ် လမ်းလဲရှင်းတယ်သိအောင်လဲလုပ်တယ် ထွေလီကာလီ စဉ်းစားမနေနဲ့ရတာမရတာလဲ ပူမနေနဲ့ကိုယ့်အလုပ် မဟုတ်ဘူးအချိန်တန်နွားပိန်ကန်သွားလိမ့်မယ် ညပိုင်းဆို ၇-နာရီ နံနက်ပိုင်းဆို၄-နာရီအချိန်လေးကန့်သတ်ပြီးအဓိဋ္ဌာန်နဲ့လုပ်စမ်းပါဗျ အဓိဋ္ဌာန်ဆိုတာအထူးရပ်တည်ချက်ကိုဆိုတာဗျ ကျန်တဲ့အချိန်ကတော့ကွမ်းဝါးသလိုဆေးလိပ်သောက်သလိုလုပ်နေရမှာ […]