အကြမ်းဖက် PDF များမှ ပြည်သူများအပေါ်အကြောင်းမဲ့သတ်ဖြတ်နေမှုများ

-ဇန်နဝါရီလ ၂၇ ရက် ၂၀၅၅ နာရီတွင် ကျိုက်ထိုမြို့နယ်၊ မလော့ချောင်ကျေးရွာ၊ အရှေ့ပိုင်းနေ ဦးဝင်းအောင်(ခ)ကြက်ခေါင်း (၅၉)နှစ်၊ ကွမ်းခြံလုပ်ငန်း လုပ်ကိုင်သူသည်  ၎င်း၏နေအိမ်ရှေ့ ဈေးဆိုင်၌ ဈေးဝယ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ကျိုက္ကသာကျေးရွာဘက်မှ ရောက်ရှိလာပြီး  ပစ္စတိုသေနတ်ဖြင့် ၆ ချက် ပစ်ခတ်ခဲ့သဖြင့် ဦးဝင်းအောင်မှာ ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၇ ရက် ၁၁၃၀ နာရီတွင် ကော့သောင်းမြို့နယ်၊ ဟတ်စဒင်းကျေးရွာနေ ဦးမြင့်ဆွေ(၆၆)နှစ်၊ ဈေးရောင်းလုပ်ကိုင် သူသည် ချန်းဖန်းကျေးရွာမှ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာစဉ် PDF အကြမ်းဖက်အဖွဲ့၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နဖူး၊ ယာပါး၊ နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရ။

Leave a Reply

Your email address will not be published. Required fields are marked *