နယ်စပ်မှာ စစ်ဆင်ရေးအတွက် တပ်အသင့်ပြင်ခိုင်းထားတဲ့ ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ပိုင်းနယ်စပ်တွင် စစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ရန် တပ်ဖွဲဝင်များ ပြင်ဆင်ထားရန်အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သို အမိန့်ပေးခဲ့ကြောင်းသိရပါတယ်။

ထရမ့်သည် သမ္မတဖြစ်ပြီးသည်နှင့် တောင်ပိုင်းနယ်စပ်တစ်လျှောက်အား အရေးပေါ်အခြေအနေကို ချက်ချင်းကြေညာကာ ယခုလိုအမိန့်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အမေရိကန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုအား ထိန်းသိမ်းရန်နှင့် စပ်လျဉ်းသည့် အစီအစဉ်ဆွဲရန် လိုအပ်ချက်များ အကဲဖြတ်ချက်များပေးပိုရန် ကာကွယ်ရေးဝန်ကြီးဌာနသို ညွှန်ကြားထားကြောင်းကိုလည်း သိရပါတယ်။

ပင်တဂွန်က သမ္မတထရမ့်၏ အမိန့်နှင့်စပ်လျဉ်းပြီး “ကျွန်တော်တိုရဲ့ စစ်ဦးစီးချုပ်ဆီက အမိန့်ကို အပြည့်အဝ ထမ်းဆောင်ဖို ကတိကဝတ်ပြုထားပြီး ၎င်းရဲ့ဦးဆောင်မှုအောက်မှာ ချက်ချင်းဆောင်နေပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ထရမ့်သည် ရွှေ့ပြောင်းအခြေချသူများ တရားဝင် ဝင်ရောက်နိုင်ရေးတွင် အသုံးပြုသည့် Apps ကိုလည်း တစ်ပါတည်းဖျက်သိမ်းခဲ့ခြင်းကြောင့် အမေရိကန်တွင်လိုလှုရန် မက္ကဆီကိုနယ်စပ်သို ရောက်ရှိနေသူများအနေဖြင့် အခက်အခဲဖြစ်ပေါ်နေကြောင်းသိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *