၂၁-၁-၂၀၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်က နောင်ချိုမှာရှိတဲ့ အကြမ်းဖက်သမားတွေ အစည်းအဝေးလုပ်နေတုန်း တပ်မတော်က နယ်မြေသတင်းအတိအကျရရှိလို့ ဗုံးကြဲလိုက်တယ်လို့ သိရပါတယ်။ ဗုံးကြဲတဲ့နေရာက အကြမ်းဖက် TNLA ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေတဲ့ ထွေအုပ်ရုံးနေရာနဲ့ TNLA စခန်းချနေတဲ့ ရဲစခန်းနားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်မှုအနေနဲ့ကတော့ ကြဲတဲ့နေရာတိုင်း ထိထိမိမိရှိပြီး TNLA ၄၀ လောက် သေဆုံးသွားတယ်။ ထွေအုပ် ရုံးထဲက TNLA တွေကတော့ အကုန်နီးပါးသေသွားပြီး ရုံးလည်း ပြားချပ်သွားလို Back Hole တွေနဲ့ကို ရှင်းထုတ်နေရတယ်။ ဒါ့အပြင် TNLA အဖွဲ့ရဲ့ အမာခံ ထောက်ပို့လင်မယားလည်း ထိသွားတယ်။ မိန်းမဖြစ်သူက သေသွားပြီး သူ့ယောက်ျားကတော့ ဆေးရုံရောက်သွားတယ်လို့ မြေပြင်သတင်းအရသိရပါတယ်။
သတင်းတွေအရ TNLA စခန်းမှူး (နောင်ချို) တာအိုက်မောင် ကတော့ On the Spot ဖြစ်သွားပြီး မြိုနယ်မှူး လုပ်နေတဲ့ တာကောကျန် ဒဏ်ရာပြင်းထန်လို မြတ်မင်္ဂလာဆေးခန်းမှာ ဆေးကုနေချိန် ထပ်မံ သေဆုံးသွားတယ်လို့သိရတယ်။ သူတို့၂ ယောက်ရဲ့အလောင်းတွေကိုတော့ ရေခဲခေါင်းနဲ့ထည့်ပြီး နောင်ချို ရဲတပ်ဖွဲမှူးရုံး မှာ ပြင်ထားပြီး အဆောက်အဦတွေကတော့ မြေပြင်မှာ ပြားပြားဝပ်သွားကြောင်း ဒေသခံများနှင့် မိမိအမာခံများမှ ဝမ်းမြောက်စွာ သတင်းပေးပို့ လာပါတယ်။
