၄ ရက်ကြာပျောက်ဆုံးနေသည့် အမျိုးသမီးအား သေဆုံးလျက်ပြန်လည်တွေ့ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ ၄ ရက်ခန့်ကြာမြင့်လာပြီးသည့်နောက် သေဆုံးနေတဲ့ ၎င်း၏ရုပ်အလောင်းကို စီးကရက်စက်ရုံတစ်ရုံ၏ အနောက်ဘက်တွင် ပြန်လည်တွေ့ရှိခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့၌ ပျောက်ဆုံးခဲ့သော အသက် ၂၀ ကျော်အရွယ်ရှိပြီဖြစ်သည့် နန်းချစ်စုအောင် အမည်ရှိသည့် အမျိုးသမီးငယ်၏ ရုပ်အလောင်းကို ဇန်နဝါရီ ၁၁ ရက်နေ့တွင် မူဆယ်မြို့ Win စီးကရက် စက်ရုံအနောက်ဘက်မှာ ပြန်လည်တွေ့ရှိခဲ့ရသည်ဟု သိရသည်။

အဆိုပါအမျိုးသမီးငယ်မှာ ဆိုင်ကယ်တစ်စီးဖြင့်အပြင်သို့သွားရင်း ပြန်လည်ရောက်ရှိမလာပဲ ပျောက်ဆုံးနေခြင်းဖြစ်ပြီး ယခုတွေရှိချိန်တွင် ၎င်းစီးနှင်းသွားသည့် ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတစ်လုံးပါ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအမျိုးသမီးတွင် အိပ်ထောင်ရှင်အမျိုးသား ရှိသည့်အတွက် ရည်းစားကိစ္စနှင့်မပတ်သက်နိုင်ကြောင်းပြောဆိုမှုများရှိနေသော်လည်း မည်သည့်အတွက်သတ်ဖြတ်သွားသည်ကိုတော့ ခန့်မှန်းပြောဆိုနေကြကြောင်း သိရသည်။

#PAN #

Leave a Reply

Your email address will not be published. Required fields are marked *